ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံ ပေကျင်းမြိုတော်ရှိ Fuwai Hospital လေ့လာရေးခရီးသွားရောက်ကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးဆွေးနွေး

      တရုတ်နိုင်ငံ ပေကျင်းမြိုတော်တွင် ရောက်ရှိနေသော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် အဖွဲဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် ၂၀၂၄-ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် နှလုံးရောဂါ အထူးကုဌာနဖြစ်သော ပေကျင်းမြိုတော်ရှိ Fuwai Hospital သို သွားရောက်ခဲ့ပါသည်။
      ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲအား Fuwai hospital အစည်းအဝေးခန်းမတွင် ဆေးရုံကြီးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲက တရုတ်-မြန်မာ နှစ်နိုင်ငံ ဆေးပညာသင်ကြားလေ့ကျင့်မှုများနှင့် လူနာကုသရေးလုပ်ငန်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးခဲ့ကြပါသည်။
      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲသည် အထူးကုဆေးရုံကြီးအတွင်းရှိ နှလုံး အထူးကြပ်မတ်ကုသခန်း (coronary care unit), နှလုံးရောဂါသွေးကြောချဲ့ကုသခန်း (catherization laboratory), ပြင်ပလူနာခွဲစိတ်ကုသဌာန (ambulatory surgery center), နိုင်ငံတကာ အဆင့်မီ သင်ကြားရေးဌာန(Global training center for cardiac intervention imaging), ပြင်ပလူနာ နှလုံး ရောဂါရှာဖွေရေး ဌာနများ စသည်တိုအား လှည့်လည် ကြည့်ရှုခဲ့ပါသည်။
      တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေး ကော်မရှင် (National Health Commission of the People’s Republic of China) ၏ လက်အောက်တွင် နှလုံးရောဂါအထူးကုကုသရေးဌာန (National Center for cardiovascular diseases) နှင့် Fuwai hospital တို ပူးပေါင်းကာ နှလုံးရောဂါလူနာကုသရေး၊ သုတေသနနှင့် သင်ကြားလေ့ကျင့်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့အကြီးဆုံး နှလုံးရောဂါ အထူးကုဌာနများအနက် တစ်ခုဖြစ်ကြောင်း၊ နှလုံးရောဂါလူနာကုသရေးလုပ်ငန်းများအပြင် နိုင်ငံတကာ မှ သင်တန်းသားများအတွက် ကာလတို/ကာလရှည် နှလုံးရောဂါပညာဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့်ပူးပေါင်းကာ နှလုံးရောဂါကုသရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေတိုအား ပြောကြားကာ ဆေးရုံလုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ရှင်းလင်း တင်ပြခဲ့ပါသည်။
     အဆိုပါ ပေကျင်းမြိုတော်ရှိ နှလုံးရောဂါအထူးကုဆေးရုံကြီးသည် လူနာခုတင်-၁၅၀၀ ကျော်ဆံ့ ဖြစ်ကာ နှလုံး သွေးကြောချဲ့ကုသခန်း ၁၅ ခန်း၊ နှလုံးခွဲစိတ်ခန်း ၃၆ ခန်းတိုဖြင့် နှစ်စဉ် နှလုံးခွဲစိတ်မှု ပေါင်း ၂၀၀၀၀ ခန့်နှင့် နှလုံးသွေးကြောချဲ့မှု ၅၀၀၀၀ ခန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။