ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စားလှယ်အသစ်မှ လာရောက်မိတ်ဆက်ဂါရဝပြုတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၉ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား တာဝန်ပြီးဆုံး ၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ဌာနေ ကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ်အဖြစ်ခန့်အပ်ခြင်းခံရသည့် Mr. Arnaud de Baecque တို့မှ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။

     တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်း ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ ခြေတုလက်တုထုတ်လုပ်တပ်ဆင်ရေး အလုပ်ရုံများနှင့် ပြန်လည်သန်စွမ်းရေးဌာနများအား အဆင့်မြှင့်တင်ရန် နည်းပညာပိုင်းဆိုင်ရာနှင့် လူ့စွမ်းအားအရင်းအမြစ် သင်ကြားပို့ချရေးဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် လက်ရှိ ပူးပေါင်းဆောင် ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ အား ရင်းနှီးခင်မင် စွာဆွေးနွေးခဲ့ပြီး တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် Ms. Elena Ajnone Sessera အား ပြည်ထောင်စုဝန်ကြီးမှ အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါသည်။
     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ICRC မှကိုယ်စားယ် များတက် ရောက်ခဲ့ကြပါသည်။