|
နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၇ ရက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမျိုးသားကင်ဆာရောဂါ ကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။ |
|
![]() |
![]() |
| ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှစ်ထပ် ကုသဆောင် တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုပြီး သတ်မှတ်အချိန်ကာလအမီ ပြီးစီးစေရေး အင်အားပြည့် ကြိုးပမ်း ဆောင်ရွက်ပေးကြရန်၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများအသုံးပြုကြရန်နှင့် လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ | |
![]() |
![]() |
| ထို့နောက် ကင်ဆာဓာတ်ရောင်ခြည်ကုသစက် (၃)လုံးဖြင့် အများပြည်သူ ရုံးပိတ်ရက်တွင် တာဝန်ထမ်းဆောင်၍ ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်လျက်ရှိသည့် အထူးကု ဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပါသည်။ | |
![]() |
![]() |
| ဆက်လက်၍ ငါးထပ်ကုသဆောင်ရှိ အစည်းအဝေးခန်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကိုကိုအေးက အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆေးရုံပတ်ဝန်းကျင်သာယာလှပရေး ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားကင်ဆာရောဂါ ကုသရေးဌာနတည်ဆောက်ရေးအတွက် လိုအပ်သောရန်ပုံငွေများ ခွဲဝေချထားပေးပါကြောင်း၊ ကင်ဆာ ရောဂါဝေဒနာရှင်များအကျိုးငှာ သတ်မှတ်ချိန်အတွင်း စီမံကိန်းပြီးစီးရန် အင်အားပြည့် ဆောင်ရွက် စေလိုပါကြောင်း၊ အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်မှုကို မြန်မာပညာရှင်များဖြင့် သာ ဆောင်ရွက်နိုင်ခြင်းမှာ ဂုဏ်ယူဖွယ်ရာဖြစ်ပါကြောင်း၊ ကုသရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ အရည်အသွေးများ ကောင်းမွန်စေရေးနှင့် ကင်ဆာရောဂါဝေဒနာရှင်များအနေဖြင့် စိတ်ချမ်းသာစွာဖြင့် ကုသမှုခံယူနိုင်ရေးအတွက် ဆေးရုံပတ်ဝန်းကျင်သာယာလှပရေး ဆောင်ရွက်ရာတွင် မြင်နေကျ ဆေးရုံပတ်ဝန်းကျင်ထက် ပိုမိုသာယာလှပသော ပုံစံကို ဆေးပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များ ပူးပေါင်း၍ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း မှာကြားခဲ့ပြီး တက်ရောက်လာကြသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ အဆောက်အဦဦးစီးဌာနမှ တာဝန်ရှိသူများက အဆောက်အဦ တည်ဆောက်ရေးနှင့် ဆေးရုံပတ်ဝန်းကျင်သာယာလှပရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ | |
![]() |
![]() |
| ထို့နောက် အမျိုးသားကင်ဆာရောဂါကုသရေးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်လွင်က အမျိုးသားကင်ဆာရောဂါကုသရေးဌာန၌ ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက် နေသည့်အခြေအနေများကို တင်ပြပြီး တက်ရောက်လာကြသည့် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် လိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပါသည်။ | |
![]() |
![]() |
| အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေ ငွေကျပ် (၃၂)ဘီလီယံ ကျော်ဖြင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ ရှစ်ထပ် ကုသဆောင် တည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁)မှ တာဝန်ယူကာ ဆက်လက်ဆောက်လုပ်လျက်ရှိပါသည်။ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် စုစုပေါင်းစက် (၃)လုံးဖြင့် တစ်ရက်လျှင် ကင်ဆာရောဂါဝေဒနာရှင် လူနာ (၂၀၀)မှ (၂၅၀)ကျော်အား ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်ပေးလျက်ရှိပါသည်။ | |
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှု
in










