|
နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ |
|
![]() |
![]() |
| ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီက နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ဦးတည်ချက် (၄)ရပ်ကို ချမှတ်ထားရှိရာ ဦးတည်ချက် (၄)ရပ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျရာအခန်းကဏ္ဍမှနေ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြ ရန်ဖြစ်ပါကြောင်း၊ ဦးတည်ချက် (၄)ရပ်အနက်မှ တတိယအချက်ဖြစ်သည့် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြင့်တင်ရေး” ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်၊ ကျန်းမာရေးဝန်ကြီးဌာန၏ မူဝါဒ၊ လမ်းညွှန်ချက်၊ လုပ်ငန်းဆောင်ရွက်ချက်များကို သက်ဆိုင်ရာဌာနအလိုက် အောက်ခြေဝန်ထမ်းများအထိ သိရှိနားလည်ကာ ရည်မှန်းချက်များ အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ဦးတည်ချက်၊ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၊ မိုခါမုန်တိုင်း၊ ရာဂီမုန်တိုင်းနှင့် ဆက်စပ်၍ ရေကြီးနစ်မြုပ်မှုများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားခဲ့သော ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ စသည့် ကပ်ရောဂါများနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက် သည့် အချိန်တိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်ပံ့ပိုးမှုနှင့်အတူ အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ကြပါကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုး လွှမ်းခြုံမှုများ နှစ်အလိုက်တိုးတက် ရရှိခဲ့သည့်အပြင် အမီလိုက်ကာကွယ်ဆေး (Catch-up Immunization) ကို ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မေလအထိ ကလေးငယ် (၅)သိန်းကျော် ထိုးနှံတိုက်ကျွေးနိုင်ခဲ့ပါကြောင်း၊ မိခင်သေဆုံးနှုန်း၊ ကလေး သေဆုံးနှုန်းများကို လျှော့ချနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမျှော်မှန်းလူ့သက်တမ်း (Life Expectancy)ကို ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ် လျှင် နိမ့်ပါးနေသေးသည့်အတွက် ပိုမိုအားစိုက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ HIV/AIDS၊ တီဘီ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်၊ အနာကြီး၊ မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေး၊ အသည်းရောင် အသားဝါရောဂါ(စီ)၊ ခွေးရူးပြန်ရောဂါ စသည့် ကူးစက်ရောဂါများ၊ ဆီးချို၊ သွေးတိုး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေးလုပ်ငန်းများကို နှစ်အလိုက် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပြီး အာဆီယံ ဆေးလိပ်ငွေ့ ကင်းစင်ဒေသဆု (ASEAN Smoke Free Award)ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၈)ရက်နေ့တွင် ရရှိခဲ့ပါကြောင်း၊ အခြေခံကျန်းမာရေးဝန်ထမ်း (၄၇၉၅)ဦး၊ သားဖွားဆရာမ (၁၀၅၈)ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် (၂၂)ဦး အပါအဝင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဝန်ထမ်းသစ် (၇၃၀၅)ဦးခန့်ထားနိုင်ခဲ့ပြီး (၃၁၉၂)ဦးကို ရာထူးတိုးမြှင့်ပေးနိုင်ခဲ့ပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ခုတင်(၅၀)အဆင့်အထိ အထူးကုဆရာဝန်များခန့်ထားနိုင်ခြင်းနှင့် သစ်လွင်လက်ထောက်ဆရာဝန်များနှင့် သစ်လွင်သွားနှင့်ခံတွင်း ဆရာဝန်များ ထပ်မံခန့်ထားနိုင်ခြင်းကြောင့် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုအရည်အသွေးမြင့်မားစေရေးအတွက် ဗဟိုအဖွဲ့အနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် အခမဲ့ ဓာတ်ခွဲ၊ ဓာတ်မှန် စမ်းသပ်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ခြင်း၊ နိုင်ငံတော်က တိုးမြှင့်ပံ့ပိုးပေးသည့် ကျန်းမာရေး ရန်ပုံငွေ ဖြင့် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း၊ ခေတ်မီ စက်ကိရိယာပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ခြင်းတို့ကြောင့် လူနာများ၏ စိုက်ထုတ်ကုန်ကျငွေ လျော့နည်းလာသည်ကို ကောက်ခံရရှိသော အချက်အလက်များအရ တွေ့ရှိရပါကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများကိုလည်း ပညာရှင်ဘွဲ့ချီးမြှင့်ခြင်း၊ လုပ်အားခများ ချီးမြှင့်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်း ပေးနိုင်ခြင်း စသည်ဖြင့် ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တိုးတက်ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် အားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ တွေ့ရှိခဲ့ရသော အားသာချက်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် ပြီး အားနည်းချက်များကို ပြင်ဆင်ဆောင်ရွက်ကာ စာမျက်နှာသစ်ကို ပိုမိုလှပစေရန်၊ နိုင်ငံတော်၏ ရည်မှန်းချက်များ အောင်မြင်စေရန်နှင့် ကျန်းမာရေးအဆင့်အတန်း ယခုထက်ပိုမိုကောင်းမွန်လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အဆောက်အအုံဖြစ်စေရန် မိမိတို့ တစ်ယောက်ချင်းစီက ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် တစ်ရပ်ဖြစ်သည့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူ လူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” အတွက်လည်း ကျန်းမာရေးဝန်ထမ်း များအနေဖြင့် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုပါကြောင်း မှာကြားခဲ့ပါ သည်။ | |
![]() |
![]() |
| ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက အမှာစကား ပြောကြားရာတွင် ကျန်းမာရေးစောင့်ရှောက်မှုအညွှန်းကိန်းများ တိုးတက်စေရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန်၊ တွေ့ကြုံရသည့် ကျန်းမာရေးဆိုင်ရာပြဿနာများကို လျင်မြန်စွာ တုံ့ပြန် ဆောင်ရွက်နိုင်သည့် ကျန်းမာရေးစနစ်ဖြစ်စေရေး ဆက်လက်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။ | |
![]() |
![]() |
| ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းများအလိုက် လမ်းညွှန်မှာကြားခဲ့ကြပြီး တက်ရောက်လာကြသည့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီး ဌာနမှူးများက လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။ | |
![]() |
![]() |
| အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးအဆင့်အထိ တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးများနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ | |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံအမှာစကားပြောကြား
in










