| နေပြည်တော်၊ နိုဝင်ဘာလ ၁၂ ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးချုပ်၏ ဒုတိယအမှုဆောင်ဒါရိုက်တာ (လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဆောင်ရွက်မှုနှင့် ထောက်ပံ့ရေးလုပ်ငန်းများဆိုင်ရာ) ဖြစ်သူ Mr. Edward Chaker Chaiban နှင့်အဖွဲ့မှ ယနေ့နေ့လယ်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။ |
|
![]() |
![]() |
|
အဆိုပါဆွေးနွေးပွဲတွင် ဝန်ကြီဌာနနှင့် UNICEF အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ဆေး (Oral Cholera Vaccine-OCV) တိုက်ကျွေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံဆိုင်ရာ UNICEF ရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ |
|
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးချုပ်မှ ဒုတိယအမှုဆောင်ဒါရိုက်တာ(လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆောင်ရွက်မှုနှင့် ထောက်ပံ့ရေးလုပ်ငန်းများဆိုင်ရာ)ဖြစ်သူ Mr. Edward Chaker Chaiban နှင့်အဖွဲ့မှ လာရောက်ဂါရဝပြုတွေ့ဆုံ
in




