ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် GAVI အဖွဲ့မှ Senior Country Manager Mr. Dirk Gehl နှင့် အဖွဲ့မှ လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာလ ၂၉ ရက်

      ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ အခြေစိုက် GAVI အဖွဲ့မှ Senior Country Manager ဖြစ်သူ Mr. Dirk Ghel နှင့်အဖွဲ့မှ ယနေ့နေ့လယ်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက် ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် ဝန်ကြီးဌာနနှင့် GAVI, WHO နှင့် UNICEF တို့ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ အမှီလိုက်ကာကွယ်ဆေးထိုး လုပ်ငန်းများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများအတွက် GAVI အဖွဲ့မှ ငွေကြေးနှင့် နည်းပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီပေးမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

     ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ UNICEF ရုံး နှင့် WHO ရုံးများမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။