| နေပြည်တော်၊(၂၀၂၄)ခုနှစ် သြဂုတ်လ၊ (၂၀)ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် ပေါင်းစုံ(ဇုန်-၁)၊ အုပ်စုအဆင့်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက တက်ရောက်ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြားရေးဆရာ/ဆရာမများ၊ ဘောလုံးအားကစား အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ၊ သက်ဆိုင်ရာ တက္ကသိုလ်များမှ ကျောင်းသား/သူများနှင့် သူနာပြု/သားဖွား သင်တန်း သားသင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ |
|
![]() |
![]() |
| ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာလမှာ နိုင်ငံတော်အဆင့်ကျင်းပပြုလုပ်မယ့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်နှင့် ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ၌ နေပြည်တော်မှာ ကျင်းပပြုလုပ်မယ့် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ယခုကဲ့သို့ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ (ဇုန်-၁) အုပ်စုအဆင့် ဘောလုံးပြိုင်ပွဲများကိုကျင်းပရခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များမှ ကျောင်းသားများအချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအနေဖြင့် ဗလငါးတန်ဖြင့်ပြည့်စုံတဲ့ လူငယ်တွေဖြစ်ဖို့ ပြုစုပျိုးထောင်ရာတွင် ကာယဗလနှင့်ပြည့်စုံရေး၊ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားသည် မရှိမဖြစ်အရေးကြီးပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏လူမှုရေးဦးတည်ချက်တခုဖြစ်သည့် “တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” အောင်မြင်ရန်အတွက်လည်း အထောက်အကူဖြစ်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအချင်းချင်း စည်းလုံးညီညွတ်မှုရရှိရေးနှင့် ဘောလုံး ကစားခြင်းကို ပိုမိုစိတ်ဝင်စားမှုများလာစေရန် ယခုပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊ ဆေးပညာရှင်များအနေဖြင့် ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် အသင်းအဖွဲ့အနေနဲ့ ဆောင်ရွက်ရသည့်အတွက် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကိုလည်း ဘောလုံးကစားခြင်းဖြင့် ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ အားကစားဟာ နိုင်ငံမရွေး၊ ကျား/မ မရွေး၊ လူမျိုး/ဘာသာ၊ အဆင့်အတန်းမရွေး တညီတညွတ်တည်းဖြစ်အောင် စုစည်းပေးနိုင်တဲ့ တစ်ခုတည်းသော ဆုံမှတ်ဖြစ်ကြောင်း၊ ယခုဘောလုံးပွဲ ယှဉ်ပြိုင်တဲ့အခါမှာလည်း အားကစားစိတ်ဓါတ် အပြည့်နဲ့ ဘောလုံးစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကြဖို့ အလေးအနက်ထားမှာကြားလိုကြောင်း ပြောကြားပါသည်။ | |
![]() |
![]() |
| ထို့နောက် ဆေးတက္ကသိုလ်နှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီနာယက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဘောလုံးပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးခဲ့ပါသည်၊၊ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အလှူငွေသိန်း(၆၀)ကျပ်လည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဉက္ကဌကိုယ်စား ဒုတိယ ဉက္ကဌမှ အလှူငွေသိန်း(၅၀)ကျပ်နှင့် ဘောလုံးအလုံး(၅၀)ကိုလည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဘင်ခရာအဖွဲ့နှင့် ပန်းပွား အဖွဲ့တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဖျော်ဖြေရေးအဖွဲ့များအားလည်းကောင်း ဆုငွေများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး ဘောလုံးပြိုင်ပွဲအား ကြည့်ရှုအားပေး ခဲ့ကြကြောင်းသိရှိရပါသည်။ ယနေ့နံနက်ပိုင်းတွင် ဇုန်(၁) အုပ်စုပွဲစဉ်(၁)အဖြစ် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်အသင်းနှင့် ဆေးဝါးတက္ကသိုလ် အသင်းတို့ယှဉ်ပြိင်ကြရာ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်အသင်းက ဆေးဝါးတက္ကသိုလ် အသင်းကို(၅)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။
|
|
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်ပေါင်းစုံ(ဇုန်-၁)အုပ်စုအဆင့် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
in




