| နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၊ (၂၂) ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၊ ၂၂ ရက်နေ့၊ ယနေ့ နံနက်ပိုင်းတွင် ကုသလမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး(United Nations Office for Project Services-UNOPS)မှ Country Director ဖြစ်သူ Ms. Sara Austin Netzer ဉီးဆောင်သောအဖွဲ့အား နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ |
|
![]() |
![]() |
| တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော UNOPS အဖွဲ့မှ စီမံခန့်ခွဲမှု ဆောင်ရွက်လျက်ရှိသည့် Global Fund အသုံးပြု၍ ခုခံကျ/ကာလသား ရောဂါ၊ တီဘီ ရောဂါ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ပူးဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ Access to Health Fund ရန်ပုံငွေဖြင့် မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရန်ပုံငွေများအသုံးပြုရာတွင် မသက်ဆိုင်သည့် လူပုဂ္ဂိုလ်များထံ မရောက်ရှိစေရေး ပူးပေါင်းကြပ်မတ် ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များအား ဆွေးနွေးပြောကြားပြီး အဆိုပါ အစည်းအဝေးအား(၁၀ ၄၅) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်(ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ်(ပြည်သူ့ကျန်းမာရေးဦးစီး ဌာန)၊ ညွှန်ကြားရေးမှူးချုပ်(ကုသရေးဦးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
|
|
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကုသလမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး(UNITED NATIONS OFFICE FOR PROJECT SERVICES-UNOPS)မှ COUNTRY DIRECTOR ဖြစ်သူ MS. SARA AUSTIN NETZER ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
in


