ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား UNICEF မှ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ်ဖြစ်သူ MS. ALESSANDRA DENTICE၊ ဒေသဆိုင်ရာ ကျန်းမာရေးနှင့်အာဟာရကျွမ်းကျင်ပညာရှင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ (၂၀၂၃) ခုနှစ်၊ မေလ (၂၅) ရက်

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၃ ခုနှစ်၊ မေလ၊ (၂၅)ရက်နေ့၊ ယနေ့ နံနက်ပိုင်းတွင် United Nations Children Fund (UNICEF)မှ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Alessandra Dentice၊ ဒေသဆိုင်ရာ ကျန်းမာရေးနှင့် အာဟာရကျွမ်းကျင်ပညာရှင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့အား ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် မိုခါ မုန်တိုင်းသင့်ဒေသများတွင် ကူညီထောက်ပံ့ရေးလုပ်ငန်းများအား UNICEF အဖွဲ့မှ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊  နိုင်ငံတစ်ဝန်း ကာကွယ်ဆေး လွှမ်းခြုံမှုတိုးမြှင့်နိုင်ရေး အမီလိုက်  ကာကွယ်ဆေးထိုး လုပ်ငန်းများ အပါအဝင် ပုံမှန် တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးအတွက် ကျောင်းတွင်း အာဟာရကျွေးမွေးရေးအစီအစဉ်များ အပါအဝင် အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် UNICEF တို့အကြား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများ ပိုမို အားကောင်းစေရေးကိစ္စရပ်များ  ဆွေးနွေးပြောကြား၍ အစည်းအဝေးအား  (၁၀ ၃၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။