| ရန်ကုန်၊ ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံ-တိုက်ကြီးမြို့ (၂)ထပ် ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လ (၇)ရက်နေ့၊ နံနက် (၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါ သည်။ |
|
![]() |
![]() |
| ရှေးဦးစွာ ပြည်သူ့ဆေးရုံ-တိုက်ကြီးမြို့ (၂)ထပ် ကုသဆောင်သစ်ရှေ့၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေး မှူးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုက်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့က (၂)ထပ်ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့ က ပြည်သူ့ဆေးရုံ-တိုက်ကြီးမြို့ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ထို့နောက် ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကြေးပြားကို အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးခဲ့ကြပြီးနောက် ဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး (၂)ထပ်ကုသဆောင်သစ်အား လှည့်လည်ကြည့်ရှု ခဲ့ကြပါသည်။ | |
![]() |
![]() |
| အခမ်းအနားဒုတိယပိုင်းအစီအစဉ်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီးနောက်ဆေးရုံ (၂)ထပ် ကုသဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကိုကိုအေးမှ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိမ်း တို့က (၂)ထပ်ကုသဆောင်သစ် ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များကို ဧည့်သည်တော် များအား ပေးအပ်ခဲ့ပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ | |
![]() |
![]() |
| ပြည်သူ့ဆေးရုံ-တိုက်ကြီးမြို့ကို ၁၉၇၉-ခုနှစ်၌ ဆောက်လုပ်ခဲ့ပြီး ၁၉၈၂-ခုနှစ်မှ စတင်၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်သည့် အဆောက်အဦ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်(၁၂၄၇)သန်း ဖြစ်ကြောင်း၊ မြေညီထပ်၌ လူနာခန်း (၃)ခန်း၊ မွေးခုတင်(၂)ခုပါ သားဖွားခန်း အပါအဝင် မွေးလူနာများအတွက် အခန်း (၃)ခန်း၊ မွေးကင်းစ ကလေးလူနာခန်း(၁)ခန်း၊ လူနာများ အတွက် ရေချိုးခန်းနှင့်အိမ်သာများ၊ ဆေးပေးခန်း၊ ဆရာဝန်များ နားနေခန်း၊ သူနာပြုများ နားနေခန်း တို့ပါဝင်ပြီး အပေါ်ထပ်တွင် ခွဲစိတ်ခန်း (၂)ခန်း၊ ဆရာဝန်၊ သူနာပြု နားနေခန်း(၁)ခန်း၊ လူနာစောင့် နားနေခန်း(၁)ခန်းနှင့် ခုတင်(၄)လုံးပါဝင်သည့် လူနာစောင့်ကြပ်ကြည့်ရှုခန်း(၁)ခန်းတို့ ပါဝင်ဖွဲ့စည်း ဆောက်လုပ်ထားကြောင်း သိရှိရပါသည်။
|
|
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သော ပြည်သူ့ဆေးရုံ၊ တိုက်ကြီးမြို့ (၂)ထပ် ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
in






