| နေပြည်တော်၊ မတ်လ ၂၇
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ အခြေစိုက် ဘယ်လာရုစ်နိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စတာအူလာဇမီယာ ဘာရာဗီကူ ခေါင်းဆောင်သော ၂၀၂၅ခုနှစ်၊ မတ်လ ၂၇ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံအကြားကျန်းမာရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပါသည်။ |
|
![]() |
![]() |
| တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေး၊ ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ မြန်မာနိုင်ငံသို့တင်ပို့ရောင်းချဖြန့်ဖြူးရေး၊ ဆေးဝါးထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြားနားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး၍ ဆေးတက္ကသိုလ်များအချင်းချင်း ဘွဲ့ကြိုနှင့်ဘွဲ့လွန် ဆေးပညာသင်ကြားမှုများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ ဆေးနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ အပြန်အလှန်စေလွှတ်ရေးနှင့် ဆေးရုံများအကြား ကုသရေးဆိုင်ရာကိစ္စရပ်များအားပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ | |
![]() |
![]() |
| အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်မြို့အခြေစိုက်ဘယ်လာရုစ်နိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးမှ ကိုယ်စားလှယ်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
|
|
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့အခြေစိုက်၊ ဘယ်လာရုစ်နိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စတာ အူလာဇမီယာ ဘာရာဗီကူ ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
in






