ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Blue Sky Rescue Team မှ Solar Solution Set များလာရောက်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ (၈)

     ကျန်းမာရေးဝန်ကြီးဌာနရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ နှင့် ဆေးပေးခန်းများတွင် အသုံးပြုရန်အတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Blue Sky Rescue Team က မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)မှတစ်ဆင့် ပေးပို့လှူဒါန်းသည့် အိမ်သုံးဆိုလာပစ္စည်း အစုံ (၁၀၀)ကို ယနေ့နေ့လည်ပိုင်းတွင် ကျန်မာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄) နေပြည်တော်တွင် လာရောက်လှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။