| နေပြည်တော်၊ အောက်တိုဘာလ ၁၄ ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ရုရှားဖက် ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Evgeny Grigoryev နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ |
|
![]() |
![]() |
| တွေ့ဆုံစဉ် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကျန်းမာရေးကဏ္ဍပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စိန့်ပီတာစဘတ်မြို့ရှိ Napalkov Cancer Center တို့အကြား ၂၀၂၄ ခုနှစ်တွင် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး ခဲ့ပြီး ကင်ဆာရောဂါကုသမှုဆိုင်ရာ အတွေ့အကြုံများဖလှယ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ စိန့်ပီတာစဘတ်မြို့ရှိဆေးဝါးစက်ရုံများမှ ထုတ်လုပ်သည့်ကင်ဆာရောဂါနှင့် ဆီးချိုရောဂါကုသမှုဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းများ မြန်မာနိုင်ငံသို့တင်သွင်းရောင်းချလျက်ရှိသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံရှိ အထူးကုဆရာဝန်များအား ရုရှားနိုင်ငံသို့ ပညာသင်စေလွှတ်ရေးနှင့် နှစ်နိုင်ငံဆေးဘက်ဆိုင်ရာတက္ကသိုလ်များအကြား ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ကလေးဦးနှောက်နှင့်အာရုံကြောရောဂါ ကုသမှုနှင့် ကလေးများတွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါကုသမှုဆိုင်ရာကိစ္စရပ်များ အတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။ | |
![]() |
![]() |
| ဆွေးနွေးပွဲသို့ စိန့်ပီတာစဘတ်မြို့အစိုးရ၊ ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားကုန်သွယ်မှုအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။ | |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Evgeny Grigoryev အားလက်ခံတွေ့ဆုံ
in






