ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏ဌာနေကိုယ်စားလှယ် မစ္စတာအားနော့ဒီဘေ့ခ်အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာလ ၂၄

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ဌာနေကိုယ်စားလှယ် မစ္စတာအားနော့ဒီဘေ့ခ်နှင့် အဖွဲ့အား ယနေ့ ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌တွေ့ဆုံသည်။

     တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ မြန်မာနိုင်ငံရှိ ခြေတုလက်တုကျွမ်းကျင် ပညာရှင်များ၏ စွမ်းဆောင်ရည်ပိုမို တိုးတက်မြင့်မားရေးနှင့် ခြေတုလက်တုကျွမ်းကျင် ပညာရှင်များ ပိုမိုပေါ်ထွက်နိုင်ရေးတို့အတွက်မြန်မာနိုင်ငံအတွင်း သင်တန်းများပို့ချရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊  ဝေးလံသောဒေသများရှိ ကျေးလက်ကျန်းမာရေးဌာန များတွင် ဆိုလာလျှပ်စစ်မီးစနစ်တပ်ဆင်နိုင်ရေးအတွက် အထောက်အပံ့ပေးရေးကိစ္စရပ်များ အစရှိသည်တို့ကိုအမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

     တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ICRC မှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။