|
နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်းတွင် မန္တလေး ငလျင်ကြီးကြောင့် ဆေးရုံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိသဖြင့် ယာယီပြောင်းရွှေ့ဖွင့်လှစ် ခဲ့ရသော ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်နှင့် သားဖွားမီးယပ်ရောဂါအထူးကု ဆေးရုံကြီး-နေပြည်တော်တို့ မူလဆေးရုံနေရာများ၌ ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ကာ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုသည်။ |
|
![]() |
![]() |
| ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော် သို့ ရောက်ရှိပြီး ဆေးကုသဆောင် (၁)၊ ဆေးကုသဆောင် (၂)နှင့် မွေးကင်းစကလေးကုသဆောင် တို့တွင် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုပြီး ဆေးရုံတက်ရောက်နေသည့် လူနာများနှင့် မိသားစုဝင်များ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လူနာများ ဘေးကင်းလုံခြုံရေး အလေးထားရန်၊ ပြင်ဆင်ရန်ကျန်ရှိသော၊ ပြင်ဆင်ရာတွင် အရည်အသွေးကောင်းမွန်သော အဆောက်အဦများဖြစ်ပြီး လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ စိတ်အေးချမ်းစွာ ကုသမှုဆောင်ရွက်နိုင်ရေး အလေးထားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး- နေပြည်တော်သို့ ရောက်ရှိပြီး ပြင်ပလူနာဌာန၊ သားဖွားဆောင်၊ မီးယပ်ဆောင်၊ ခွဲစိတ်ခန်းများနှင့် မွေးကင်းစကလေးကုသဆောင်တို့တွင် လူနာများ လက်ခံကုသမှုအခြေအနေ၊ ခွဲစိတ်ကုသမှုများ ဆောင်ရွက်မှုအခြေအနေနှင့် မွေးကင်းစကလေးများ အထူးကြပ်မတ်ကုသမှုအခြေအနေများ ကြည့်ရှု၍ လူနာများ၊ လူနာမိသားစုများ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ အား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကာ ကျန်ရှိသော ပျက်စီးအဆောက်အဦများအား ပြင်ဆင်မှု အမြန်ပြီးစီးရေး၊ ပြင်ဆင်သည့်အဆောက်အဦများ အရည်အသွေးကောင်းမွန်စေရေးနှင့် ကုသရေး လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။ |
|
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နေပြည်တော်၊ ကလေးရောဂါအထူးကုဆေးရုံကြီးနှင့် သားဖွားမီးယပ်အထူးကုဆေးရုံကြီးများ ကုသရေးလုပ်ငန်းများဆောင်ရွက်မှု လှည့်လည်ကြည့်ရှု
in


