| နေပြည်တော်၊ ဒီဇင်ဘာလ ၃ ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စတာဂျေမီနာဒယ်ရွိုက် အား ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ |
|
![]() |
![]() |
| တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNFPA အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လတ်မှုမရှိရေး ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် မိခင်သေဆုံးမှုလျှော့ချရေးလုပ်ငန်းများတွင် UNFPA မှ ပူပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အမြင်ချင်းဖလှယ်ဆွေးနွေးကြပါသည်။ | |
![]() |
![]() |
| ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ UNFPA ရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ | |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အား လက်ခံတွေ့ဆုံ
in






