|
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် ကျန်းမာရေးဝန်ကြီးဌာန၊ ဆရာဝန်(သစ်လွင်)နှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် (၉)နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ |
|
![]() |
![]() |
| ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေထိုင်နိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးတို့ကို ရည်မှန်းချက်ထားလုပ်ဆောင်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်က နိုင်ငံတော်၏ ပညာရေးနဲ့ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အလေးပေးမှာကြား၍ လိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေး လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစ၍ ကျန်းမာရေးဝန်ထမ်းများအား ပညာရှင် ထောက်ပံ့ကြေး၊ ဘွဲ့လွန်ထောက်ပံ့ကြေး၊ ဘေးအန္တရာယ်ရှိနိုင်မှုအတွက် ထောက်ပံ့ကြေး (Risk allowance)၊ ဆေးရုံညတာဝန်ကျထောက်ပံ့ကြေး(Night duty allowance) စသည်တို့ကို ချီးမြှင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် အမည်ပြောင်းလဲ သတ်မှတ်ကာ အဆင့်မြှင့်တင်ရန် စီစဉ်ခြင်းတို့ကို တိုးမြှင့်ပေးအပ်ရန်စီစဉ်ပေးခြင်းတို့ကို အသိအမှတ်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ခေတ်နဲ့အညီ ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ ကုသခြင်းလုပ်ငန်းစဉ်များကို နိုင်ငံတကာနည်းစနစ်များနှင့် လိုက်လျောညီထွေခေတ်မီစေရေးကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို စွမ်းရည်မြှင့်တင်ခြင်း၊ ဆေးရုံသုံး စက်ပစ္စည်း ကိရိယာများကို အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သည့်စက်ပစ္စည်းများကို အသစ် တပ်ဆင်ခြင်း၊ ဆေးရုံများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ဆေးရုံအင်္ဂါရပ်များနှင့် ညီညွတ် စေရေး၊ လိုအပ်ချက်ရှိသည့်ဆေးရုံများတွင် လူနာဆောင်များတိုးချဲ့ တည်ဆောက်ရေး၊ ကျန်းမာရေး ဝန်ထမ်းများနေထိုင်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်း တည်ဆောက်ရေး စသည့်လုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင် လမ်းညွှန်ပံ့ပိုးပေးမှုနှင့်အတူ မျက်ခြည်မပြတ် ဆန်းစစ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဖြည့်ဆည်းနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဆရာဝန်(သစ်လွင်) စုစုပေါင်း (၂၆၃၃)ဦး၊ သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) စုစုပေါင်း (၃၅၂)ဦး ၊ BNSc (သူနာပြုသိပ္ပံဘွဲ့)ရ (၄၄၇)ဦး၊ သူနာပြုဒီပလိုမာဘွဲ့ရ (၅၈၉၉)ဦး၊ သားဖွားဒီပလိုမာဘွဲ့ရ (၁၈၅)ဦး၊ အကူသူနာပြု (၃၁၇၇) ဦး၊ ဆေးဝါးသိပ္ပံဘွဲ့ရ (၂၃၇)ဦး၊ ဆေးဘက်နည်းပညာဘွဲ့ရ (၅၃၈)ဦး၊ ကျွမ်းကျင်အဆင့်(၄) ဝန်ထမ်းများအနေနဲ့ (၃၁၅၀)ဦး တို့အားခန့်အပ်တာဝန် ပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့၏ Professional Career တိုးတက်မြင့်မားစေရေးအတွက် သတ်မှတ်ကာလ ပြည့်မြောက်သည်နှင့် ဘာသာရပ်အလိုက် ဘွဲ့လွန်ဝင်ခွင့်သင်တန်းစာမေးပွဲများ ဝင်ရောက် ဖြေဆိုခွင့်ပြုထားသည့်အပြင် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများကိုလည်း ဝင်ရောက်ဖြေဆိုခွင့်ပြုထားပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ ကျင့်ကြံနေထိုင်ရင်း နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမတွင် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ဆောင်ရွက် ကြစေလိုကြောင်း မှာကြားခဲ့ပါသည်။ | |
![]() |
![]() |
| ထို့နောက် ကုသရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက နိုင်ငံ့ဝန်ထမ်း တစ်ဦးလိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များ၊ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ | |
![]() |
![]() |
| အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အဆိုပါအခမ်းအနားတွင် ဆရာဝန်(သစ်လွင်) (၁၆) ဦးနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်) (၁၁၀)ဦး တို့ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါသည်။ | |
![]() |
![]() |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ဆရာဝန်(သစ်လွင်)နှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းအခမ်းအနားကျင်းပ
in










