|
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၀ ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Thushara Fernando အား (၂၀-၂-၂၀၂၆) ရက်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
|
|
![]() |
![]() |
| တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် WHO တို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ဝန်ကြီးဌာန၏ ပံ့ပိုးကူညီပေးခဲ့မှုများ၊ အောင်မြင်မှုများနှင့် WHO အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွက် ဆက်လက်ပူးပေါင်းဆောင် ရွက်မည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။ | |
![]() |
![]() |
| ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ | |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ဌာနေကိုယ်စားလှယ် Mr. Thushara Fernando အား လက်ခံတွေ့ဆုံ
in






