| နေပြည်တော်၊ ဩဂုတ်လ ၂၆ ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စတာသူရှာရာဖာနန်ဒို အား ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ |
|
![]() |
![]() |
| တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် WHO အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ၊ ပိုလီယိုရောဂါကာကွယ်ဆေးထိုးလုပ်ငန်း၊ အမျိုးသမီးငယ်များ တွင်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ မန္တလေး ငလျင်ကြီးလှုပ်ခတ် ပြီးနောက် WHO မှ ကူညီပံ့ပိုးပေးလျက်ရှိသည့် ကိစ္စရပ်များနှင့် WHO အဖွဲ့မှ ကာကွယ်ဆေးထိုးလုပ်ငန်း များတွင်နည်းပညာ ပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ | |
![]() |
![]() |
| ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ WHO ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ | |
![]() |
![]() |
![]() |
![]() |








