သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်နှင့် အိန္ဒိယနိုင်ငံ၊ Saveetha Dental College and Hospitals, SIMATS တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းဆောင်ရွက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-ရန်ကုန်နှင့် အိန္ဒိယနိုင်ငံ၊ Saveetha Dental College and Hospitals, Saveetha Institute of Medical and Technical Sciences (SIMATS) တို့အကြား ပညာရပ်ဆိုင်ရာနယ်ပယ် များတွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အတွက် (၅)နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ (Memorandum of Understanding) တစ်ရပ်ကို (၈-၂-၂၀၂၃)ရက်နေ့တွင် Online မှတဆင့်တွေ့ဆုံ၍ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာရွှေတိုးနှင့် အိန္ဒိယနိုင်ငံ၊ SIMATS တက္ကသိုလ်၏ Dean ဖြစ်သူ Dr.Lakshmi Thangavelu တို့သည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းအား အသိသက်သေပြုလျက် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ တက္ကသိုလ်နှစ်ခုတို့သည် သင်ကြားရေးဆရာ/ဆရာမများနှင့်ကျောင်းသား/သူများ အပြန်အလှန် စေလွှတ်ခြင်း၊ ကျောင်းသား/သူများအတွက် သင်ယူမှုအခွင့်အလမ်းများတိုးမြှင့်ခြင်း၊ သုတေသနနှင့် အခြားပညာရပ်ဆိုင်ရာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

More Tags