သူနာပြုနှင့် သားဖွား သင်ကြားရေးဆရာများအတွက် ပညာရေးသိပ္ပံ၊ သူနာပြုခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ (25-5-2023)

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ မေလ (၂၅)ရက်၊ ကြာသပတေးနေ့
 


 

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်များရှိ သူနာပြု/ သားဖွားနှီးနွှယ်သင်တန်းကျောင်းများမှ “သူနာပြုနှင့်သားဖွားသင်ကြားရေး ဆရာများအတွက် ပညာရေးသိပ္ပံ၊ သူနာပြုခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း” (Training of Trainers (TOT) on Education Sciences, Nursing Leadership and Management for Nursing and Midwifery Faculty Members) ဖွင့်ပွဲ အခမ်းအနားကို (၂၅-၅-၂၀၂၃) ရက်နေ့ နံနက် (၀၉:၃၀) တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်း တက်ရောက်မည့် သူနာပြု/ သားဖွားသင်တန်းကျောင်းများမှ ကျောင်းအုပ်၊ သူနာပြုအရာရှိ၊ နည်းပြများ၊ ဒုနည်းပြများနှင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


 

အဆိုပါသင်တန်း၏ ရည်ရွယ်ချက်များအနေဖြင့် သူနာပြု/သားဖွား သင်ကြားရေးဆရာများ၏ ပညာရေးဆိုင်ရာ ရည်မှန်းချက်ဖြစ်သည့် သူနာပြုနှင့်သားဖွား ပညာရေးအရည်အသွေး တိုးမြှင့်လေ့ကျင့်ရန်၊  မျိုးဆက်သစ် သူနာပြု/သားဖွား လောင်းလျာများအပေါ် ထိရောက်သော လေ့ကျင့် သင်ကြားပေးမှုများ ပြုလုပ်နိုင်ရန်၊ သင်ကြားရေးဆရာတစ်ယောက်အနေဖြင့် မဖြစ်မနေ တတ်မြောက်ရမည့် သင်ကြားရေးဆိုင်ရာ အတတ်ပညာကို အခြေခံကျကျ တတ်‌မြောက်ရန်၊ မိမိသင်ကြားမည့် သင်တန်းသား/သူများသည် အသိပညာ (Knowledge) ကို အခြေခံပြီး လူနာ၊ လူနာ မိသားစုများနှင့် မိမိ၏ အတတ်ပညာအပေါ် မှန်ကန်သော ခံယူချက် သဘောထားများ ထားတတ်ရန်၊ လက်တွေ့တွင် ကျွမ်းကျင်စွာ ပြုစုတတ်စေသော သူနာပြု/ သားဖွားကောင်းများ ပေါ်ထွက်လာစေရန်၊ ဆီလျော်သော သင်ကြားရေး နည်းစနစ်များ၊ လိုက်လျော ညီထွေသော သင်ကြားရေး အထောက်အကူပြု အသုံးပြုနည်းများ၊ ချမှတ်ထားသော ရည်မှန်းချက်များနှင့် ကိုက်ညီသော ဆန်းစစ်နည်းများ စသည်တို့ကို မှန်ကန်စွာ လက်တွေ့ အသုံးချတတ်စေရန်တို့ဖြစ်ပြီး သင်တန်းကာလမှာ (၃)ရက်တာပြုလုပ်မည်ဖြစ်ပါသည်။ သင်တန်းတွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ သူနာပြု/ သားဖွား/ နှီးနွှယ် သင်တန်းကျောင်းများမှ သင်ကြားရေး ဆရာ/ဆရာမ (၂၅)ဦး တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။


 

 

More Tags