Day1: Parallel Session “Take actions: All hands for NCD prevention and control”

Room B, MICC II, 10.15-12.0 hrs

     မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ပထမနေ့ကို (၂၀၂၃)ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်၊ MICC II တွင် ကျင်းပခဲ့ပါသည်။

     နှီးနှောဖလှယ်ပွဲတွင် Parallel Sessions တစ်ခုဖြစ်သည့် “Take actions: All hands for NCD prevention and control” ကို MICC II အခန်း (B)တွင် နံနက်(၁၀:၁၅)မှ (၁၂:၀၀)နာရီအထိ ဆောင်ရွက်ခဲ့ရာ Chair အဖြစ် ပါမောက္ခဒေါက်တာနေဝင်း၊ ဥက္ကဌ၊ Myanmar Academy of Medical Science မှလည်းကောင်း၊ Co-Chair အဖြစ် ပါမောက္ခဒေါက်တာရဲမြင့်၊ ဆေးရုံအုပ်ကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ကလည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။

 

အစီအစဉ်

ဥက္ကဌမှ နှုတ်ဆက်စကားပြော၍ speaker များမှ တင်ပြဆွေးနွေးရာ -

(၁) ဒေါက်တာနွယ်နွယ်၊ ပါမောက္ခ/ဌာနမှူး၊ နှလုံးဆေးကုဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ စီမံချက်မန်နေဂျာ၊ နှလုံးသွေးကြောရောဂါကာကွယ်ထိန်းသိမ်းရေးစီမံချက်မှ “How to improve the early detection of Cardiovascular disease in Primary Care Setting?” ကို လည်းကောင်း၊

(၂) ဒေါက်တာကိုကို၊ ပါမောက္ခ/ဌာနမှူး၊ ဟော်မုန်းဗေဒဆေးကုဌာန၊ မြောက်ဥက္ကလာပြည်သူ့ဆေးရုံ ကြီး၊ စီမံချက်မန်နေဂျာ၊ ဆီးချိုသွေးချိုကာကွယ်ထိန်းသိမ်းရေးစီမံချက်မှ “Tackling burden of major NCD”ကိုလည်းကောင်း၊

(၃) ဒေါက်တာတင်မျိုးမျိုးအောင်၊ အထူးကုဆရာဝန်ကြီး(စိတ်ကျန်းမာ)၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင် ၁၀၀၀)မှ “Narrowing Mental Health Gap” ကိုလည်းကောင်း၊

(၄) ဒေါက်တာတင်ထွန်းအောင်၊ အကြံပေး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(မြန်မာ)မှ “Initiation for drowning prevention in Myanmar” ကိုလည်းကောင်း၊

(၅) Professor Vladimir Moiseyenko, Director, member of Russian Academy of sciences နှင့် Professor Ksenia Shlelekhova, Head of Pathology Department, Napalkobov က “Why can’t we cure cancer? ကို Virtually လည်းကောင်း

တင်ပြဆွေးနွေးခဲ့ကြပါသည်။

 

ဂုဏ်ပြုမှတ်တမ်းလွှာ(Certificate) ပေးအပ်ခြင်း

ထို့နောက် ဒေါက်တာတင်တင်လေး၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာနက Chair, Co-chair နှင့် Speaker များကို ဂုဏ်ပြုမှတ်တမ်းလွှာ(Certificate) ပေးအပ် ခဲ့ပြီးနောက် အစီအစဉ်ကို ပြီးမြောက်ခဲ့ပါသည်။

အစီအစဉ်သို့ စုစုပေါင်း (၁၅၀)ဦးတက်ရောက်ခဲ့ပါသည်။

More Tags