နေပြည်တော်၊ ဒီဇင်ဘာလ(၁၆) ရက်
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှု ဆေးကုသခြင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် နေပြည်တော်အမျိုးသားပရဆေးဉယျာဉ်ရှိ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ပြင်ပလူနာဌာနခွဲတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဉက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)ဉက္ကဌ၊ နေပြည်တော် တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာ အသင်းဉက္ကဌနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ၎င်းနောက် အမျိုးသားပရဆေးဥယျာဉ်အတွင်း စိုက်ပျိုးထားရှိသည့် ဆေးဖက်ဝင်ပရဆေးပင်များအား လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။
ဆက်လက်ပြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို ဦးဆောင်သော တိုင်းရင်းဆေးပညာရှင်များက သွေးတိုး၊ ဆီးချို၊ လေငန်း၊ လေဖြန်း၊ ပါးရွဲ့ရောဂါများ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ်ရောင်၊ အဆစ်နာရောဂါများ၊ မီးယပ်ရောဂါများ၊ ကလေးသူငယ်နာရောဂါများ၊ လိပ်ခေါင်း၊ ဂရင်ဂျီနာနှင့် အနာပေါက်ရောဂါများ၊ ရာသီတုပ်ကွေးနှင့် အဖျားရောဂါလူနာများအား ကုသပေးရာ စုစုပေါင်းလူနာဦးရေ (၂၇၀)ဦးကို လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများအဖြစ် သောက်ဆေး၊ လိမ်းဆေးပေးခြင်း၊ အကြောပြင်ကုသခြင်း၊ ကြပ်ထုပ်ထိုးကုသခြင်းနှင့် ဆေးစည်းဆေးကပ်ခြင်းစသည့် ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြပါသည်။
အဆိုပါအကြိုလှုပ်ရှားမှု ဆေးကုသခြင်းအစီအစဉ်တွင် နေပြည်တော်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။
(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၀/၂၁/၂၂)ရက်နေ့များတွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်းဆေးဆရာကိုယ်စားလှယ်ကြီးများ တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။