ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်ရှိ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ပြင်ပလူနာဌာနခွဲတွင် ဆေးကုသခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ပျဉ်းမနားမြို့ပြည်သူ့ဆေးရုံကြီးနှင့် လယ်ဝေးမြို့ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက်

     (တပေါင်းလပြည့်နေ့) တွင် ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှုဆေးကုသခြင်းကို ၂၀၂၄ ခုနှစ် ၊ မတ်လ (၁၆) ရက်နေ့တွင် နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်ရှိ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ပြင်ပလူနာဌာနခွဲတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း(ဗဟို)ဥက္ကဋ္ဌ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များမှ ကြည့်ရှုအားပေးခဲ့ကြပြီး လာရောက်ပြသသည့်လူနာများအား တိုင်းရင်းဆေးဝါးများ လက်ဆောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

 

     အဆိုပါဆေးကုသခြင်းအစီအစဉ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး ဦးဆောင်၍ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို ပါဝင်သော ဆေးကုသရေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို)နှင့် နေပြည်တော်တိုင်းရင်းဆေးဆရာအသင်းတို့မှ တိုင်းရင်းဆေး သမားတော်ကြီးများက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ် ရောင်၊ အဆစ်နာရောဂါများ၊ ထုံနာကျဉ်နာ၊ လေငန်း၊ လေဖြတ်၊ ပါးရွဲ့ရောဂါများ၊ အာရုံကြော အားနည်းရောဂါများ၊ မီးယပ်ရောဂါများ၊ လိပ်ခေါင်း၊ ဂရင်ဂျီနာနှင့် အနာပေါက်ရောဂါများ၊ ကလေး သူငယ်နာရောဂါများနှင့် အဖျားရောဂါလူနာများအား ကုသပေးရာ စုစုပေါင်းလူနာဦးရေ(၂၅၀)ဦးကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သောက်ဆေး၊ လိမ်းဆေးပေးခြင်း၊ အကြောပြင် ကုသခြင်း၊ ကြပ်ထုပ်ထိုးကုသခြင်းနှင့် ဆေးစည်း၊ ဆေးကပ်ခြင်း စသည့်ကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ပျဉ်းမနားမြို့ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ခွဲစိတ်ကုသဆောင်၊ အရိုးကုသဆောင်၊ ဓာတ်ခွဲဌာန၊ ဆေးသိုလှောင်ခန်း၊ သားဖွားမီးယပ် ကုသဆောင်၊ ကလေးကုသဆောင်၊ မွေးကင်းစ ကလေးအထူးကြပ်မတ်ကုသဌာန၊ အထွေထွေဆေးကုသဆောင်တို့သို့ လှည့်လည်ကြည့်ရှု၍ လူနာနှင့် လူနာစောင့်များအား တွေ့ဆုံအားပေး စကားပြောကြားပြီး အာဟာရစားသောက်ဖွယ်ရာများ ထောက်ပံ့ကာ ဆေးကုသဆောင်အလိုက် လိုအပ်သည်များ မှာကြားခဲ့ပါသည်။

 

     ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်း နှင့် တွေ့ဆုံ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုနှင့် ပံ့ပိုးမှု နှင့်အညီ ကုသရေးလုပ်ငန်းများတိုးတက်အောင် အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် ရန်ပုံငွေဖြင့် လူနာများအတွက် အခြေခံလိုအပ်သော ဆေးဝါးများ၊ အရေးကြီးလိုအပ်သော ဆေးဝါးများ ရရှိနိုင်စေရေး ထောက်ပံ့ပေးခြင်း၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ ဓာတ်မှန်လုပ်ငန်းများ တိုးတက်ဆောင်ရွက်ပေးနိုင်ရေးလိုအပ်သည်များပံ့ပိုးစီစဉ်ပေးထားပါကြောင်း၊ ကျန်းမာရေးဝန်ထမ်း အဆင့်လိုက် ဝန်ထမ်း အင်အားလိုအပ်ချက်ကို စဉ်ဆက်မပြတ် ဖြည့်ဆည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရရှိထားသော resources များကို အကျိုးရှိစွာ အသုံးပြုပြီး ဆေးကုသ‌ရေး လုပ်ငန်းများ ပိုမို တိုးတက်အောင် စီမံဆောင်ရွက်ပေးကြရန် မှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက် ကာ ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်း၊ သွားနှင့်ခံတွင်းပြင်ပလူနာဌာန၊ ကလေးကုသ ဆောင်၊ သားဖွားမီးယပ်ကုသဆောင်၊ အထွေထွေဆေးကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ ဆေးပေး ခန်းနှင့် ဆေးသိုလှောင်ခန်းတို့ကို လှည့်လည်ကြည့်ရှုပြီး လူနာများအား တွေ့ဆုံအားပေးခြင်း၊ အာဟာရပြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် အစည်းအဝေးခန်း တွင် ဆေးရုံအုပ်၊ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်စေရေး ဆောင်ရွက်ကြရန် မှာကြားကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags