28 Feb 25MOHSAdmin3

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား တရုတ်နိုင်ငံ ပေကျင်းဟုန်ဖန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလိမိတက်မှ Mr. Zhou Xiaofeng ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂ ရက်

    ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ပေကျင်းဟုန်ဖန်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလိမိတက်မှ Mr. Zhou Xiaofeng ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့မှ ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါ သည်။

                              

     တွေ့ဆုံဆွေးနွေးရာတွင် ပေကျင်းဟုန်ဖန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလိမိတက်မှ မြန်မာနိုင်ငံ၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် ခေတ်မီဆေးဘက်ဆိုင်ရာနှင့်ဆေးရုံသုံးပစ္စည်းများ၊ ရောဂါ ရှာဖွေရေး ကိရိယာများ၊စက်ပစ္စည်းများ၊ဓါတ်ခွဲစမ်းသပ်စစ်ဆေးသည့်ကိရိယာများအား ပြည်တွင်းတွင်ထုတ်လုပ် ဖြန့်ချီနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မြန်မာ နိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးရုံများအချင်းချင်းဆေးကုသမှုလုပ်ငန်းများအား ပူးပေါင်းဆောင် ရွက်နိုင်မည့်ကိစ္စရပ်များ၊ တရုတ်နိုင်ငံမှ ထုတ်လုပ် သည့်ခေတ်မီဆေးဘက်ဆိုင်ရာနှင့် ဆေးရုံသုံးပစ္စည်းများအား မြန်မာနိုင်ငံတွင် မိတ်ဆက်ပြသနိုင်ရေး  ကိစ္စရပ်များ အစရှိသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

                              

      ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပေကျင်း ဟုန်ဖန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags