နေပြည်တော်၊ (၂၀၂၅) ခုနှစ်၊ မတ်လ (၃) ရက်နေ့
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၅) ကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ Meeting Hall တွင် ယနေ့နံနက် (၀၉:၀၀) နာရီတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ဥက္ကဌ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါစသည့် မကူးစက်နိုင်သော ရောဂါများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပြီး မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားသေဆုံးမှုသည် ကမ္ဘာတစ်ဝှမ်းတွင် ကပ်ရောဂါအသွင်ဖြင့် တိုးတက်များပြားလာကာ ပြည်သူ့ ကျန်းမာရေးကိုများစွာထိခိုက်စေပါကြောင်း၊ ရောဂါကုသစရိတ်အတွက် ပြည်သူ့ဘဏ္ဍာငွေမြောက် မြားစွာသုံးစွဲရသည့်အတွက် တိုင်းပြည်ဖွံဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါကြောင်း၊ မကူးစက်နိုင် သောရောဂါများ ဖြစ်ပွားစေသည့်အကြောင်းအရင်းများအနက် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးခြင်းသည် ကြိုတင်ကာကွယ်ရှောင်ကြဉ်နိုင်သည့် အကြောင်းအရင်းတစ်ရပ်ဖြစ်ပါ ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (Framework Convention on Tobacco Control-FCTC) ပါ ပြဋ္ဌာန်းချက်များနဲ့အညီ ထိန်းချုပ်ရေးလုပ်ငန်းများကို ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေအရ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသလို လိုအပ်သောအမိန့်နှင့်ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအရ တိုင်းဒေသကြီး/ပြည်နယ် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ကြီးကြပ်အဖွဲ့ များဖွဲ့စည်းနိုင်ရေးအတွက်လည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အများပြည်သူတို့၏ ကျန်းမာရေး ကို ထိခိုက်စေသည့်အန္တရာယ်မှကာကွယ်ရန်အတွက် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေနှင့် ဒေသများထူထောင်ရေးကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သုတေသနလုပ်ငန်းနှင့်ပတ်သက်၍ (၂၀၂၄) ခုနှစ်တွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို လေ့လာသည့် သုတေသန STEP Survey 2024 ကိုလည်း တိုင်းဒေသကြီး/ပြည်နယ် (၁၃)ခု ၊ မြို့နယ်ပေါင်း (၅၂) မြို့နယ်၌ ကွင်းဆင်းစစ်တမ်းကောက်ယူပြီး ဖြစ်ပါကြောင်း၊ သုတေသန အစီရင်ခံစာလည်း မကြာမီထုတ်ပြန်တော့မည်ဖြစ်ပါကြောင်း၊ လူငယ်များအကြားမှာ ရေပန်းစားလျက်ရှိတဲ့ E-cigarette၊ Vape အစရှိတဲ့ အီလက်ထရောနစ်အငွေ့ရှူစက်များနှင့်ပတ်သက်၍လည်း ဥပဒေအရထိန်းချုပ်ဆောင် ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှှ ထုတ်ပြန် ကြေငြာခဲ့သည့် “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့်ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်း ဆိုင်ရာအမိန့်”သည် (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် စတင်အာဏာသက်ဝင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အမိန့်စာ အားလုပ်ငန်းရှင်များက လိုက်နာဆောင်ရွက် နိုင်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများအနေဖြင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များကို အားဖြည့်ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့အတွင်းရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်”နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။ ထို့နောက် အစည်းအဝေး ဆုံးဖြတ်ချက်များကို ဆွေး နွေးတင်ပြခဲ့ပြီး ဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါသည်။
အဆိုပါ အစည်းအဝေးသို့ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကိုယ်စား လှယ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။