17 May 25MOHSAdmin3

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏ဌာနေကိုယ်စားလှယ် မစ္စတာအားနော့ဒီဘေ့ခ်အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ မေလ ၁၆

      ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ဌာနေကိုယ်စားလှယ် မစ္စတာအားနော့ဒီဘေ့ခ်နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ ကျန်းမာ ရေးဝန်ကြီးဌာနနှင့် ICRC တို့အကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေ များအား ဆွေးနွေး ပြောကြားခဲ့ပါသည်။

                             

     တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးတွင် ICRC မှ ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပြန်လည်ထူထောင်ရေးကာလတွင် ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံနှင့် ICRC တို့အကြားပူးပေါင်း ဆောင်ရွက်မည့် ခြေတုလက်တု ထုတ်လုပ်တပ်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက် မည့်ကိစ္စရပ်များအား ရင်းနှီးခင်မင်စွာအမြင်ချင်း ဖလှယ်ဆွေး နွေးခဲ့ပါသည်။

                             

       အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ICRC မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

                             

      ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ၁၄-၅-၂၀၂၅ ရက်နေ့တွင် မန္တလေးငလျင်ဘေးခံစားခဲ့ရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင်  စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း များနှင့် လူနာများအတွက် အထွေထွေအသုံးပြုရန် ဦးကျော်ခင်နှင့် မိတ်ဆွေများက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့်  ငွေကျပ်သိန်းကိုးရာ လှူဒါန်းခြင်းကို လည်းကောင်း၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ငွေကျပ် ခုနှစ်ရာငါးဆယ့်ရှစ်သိန်းရှစ်သောင်းသုံးထောင့်ငါးရာ့ငါးဆယ် တန်ဖိုးရှိ ဆေးဝါးနှင့် ‌ဆေးပစ္စည်းများအား လှူဒါန်းခြင်းကိုလည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမ၌ လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

                             

More Tags