မင်္ဂလာဒုံမြို့နယ် ၊ ငွေစင်ပုလဲ နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံနှင့် ဒေါ်သန်းစိန်အထည်ချုပ် လုပ်ငန်းတို့တွင် CORONAVIRUS DISEASE 2019 (COVID-19) ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၄ ရက်

     ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ကုန်းတလပေါင်းကျန်းမာရေးဌာနအပိုင်ရှိ ငွေစင်ပုလဲ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံနှင့် ထောက်ကြန့်ကျေးလက်ကျန်းမာရေးဌာနအပိုင်ရှိ ဒေါ်သန်းစိန်အထည်ချုပ်လုပ်ငန်းတို့တွင် CORONAVIRUS DISEASE 2019 (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းတွင် အခြေခံ ကျန်းမာရေးပညာရှင်များက လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စတေကာများ၊ ပိုစတာများကပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags