ညောင်လေးပင်မြို့၊ ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးဌာနမှူး ဦးမျိုးအောင်၊ ရေတွင်းကုန်းကျေးလက်ကျန်းမာရေး ဌာနမှ ကျန်းမာရေးမှူး၊ အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များနှင့်အတူ ရေတွင်းကုန်းကျေးလက်ကျန်းမာရေးဌာန၊ ကုလားကြီးကုန်းကျေးရွာ ရွာလုံးကျွတ်ယင်လုံအိမ်သာ သုံးစွဲနိုင်ရေးအတွက် မဒေါက်မြို့မှ ဦးမျိုးကျော် လှူဒါန်းသော ပိုက်နှင့် ပိုက်ခွက်များကို သွားရောက်ပေးအပ်ခဲ့ပါသည်။