ပြင်ဦးလွင်မြို့နယ်တွင် Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဖျားစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြင်ဦးလွင်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်

     မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဖျားစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ပြင်ဦးလွင်မြို့အထွက် Mobile X-ray စက်ထားရှိသည့် နေရာ၊ Fever Surveillance Check Point နေရာ၌ (၂၉-၁-၂၀၂၀) ရက်နေ့မှ (၁၆-၂-၂၀၂၀) ရက်နေ့အထိ စုစုပေါင်းပြည်သူလူထု(၁၈၈၈၃၅) ဦးအား စစ်ဆေးပေးနိုင်ခဲ့ပြီး အပူချိန် ၃၈ံ C ထက်ကျော်လွန်သူ(၃)ဦးတွေ့ရှိခဲ့ကာ လိုအပ်သည့်ဆောင်ရွက်မှုများလုပ်ဆောင်ပေးခဲ့သည့်အပြင် ပြင်ဦးလွင်မြို့နယ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများအား အဖျားစောင့်ကြပ်ကြည့်ရှုရာတွင် စုစုပေါင်း (၂၇)ဦးအား စစ်ဆေးပေးနိုင်ခဲ့ပါသည်။

More Tags