ဗဟန်းမြို့နယ်တွင် CORONAVIRUS DISEASE 2019 (COVID -19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းဆောင်ရွက်

ရန်ကုန်မြို့၊ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်

     (၂၀၂၀) ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယအတွင်းရှိ လူစည်ကားရာနေရာများဖြစ်သော စျေးကွေ့၊ Ocean Supermarket ၊ လင့်လမ်း၊ ဗဟန်း ၃ လမ်းနှင့် ဗဟန်းစျေးတို့တွင် CORONAVIRUS DISEASE 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါလုပ်ငန်းကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များပူးပေါင်း၍ COVID -19 (CORONA VIRUSDISEASE 2019) ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်များဖြင့် ကျန်းမာရေး အသိပညာပေးခြင်း၊ Posterများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

More Tags