|
နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ခုတင်(၁၀၀)နှင့်အထက် ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီး များ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ |
|
![]() |
![]() |
| ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီက နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ဦးတည်ချက် (၄)ရပ်ကို ချမှတ်ထားရှိရာ ဦးတည်ချက် (၄)ရပ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျရာအခန်းကဏ္ဍမှနေ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြ ရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်၊ ကျန်းမာရေးဝန်ကြီးဌာန၏ မူဝါဒ၊ လမ်းညွှန်ချက်၊ လုပ်ငန်းဆောင်ရွက်ချက်များကို သက်ဆိုင်ရာဌာနအလိုက် အောက်ခြေဝန်ထမ်းများအထိ သိရှိနားလည်ကာ ရည်မှန်းချက်များ အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ ဆေးရုံများ၏ လုပ်ငန်းဆောင်ရွက်မှုတင်ပြချက်များအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်း အတွင်းလူနာ၊ ပြင်ပလူနာ၊ အကြီးစားခွဲစိတ်ကုသမှု၊ အသေးစားခွဲစိတ်ကုသမှုများ နှစ်စဉ်တိုးတက်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ကုသရေးဆိုင်ရာ ထင်ရှားသောအောင်မြင်မှုများအနေဖြင့် ကျောက်ကပ်အစားထိုး ကုသမှုများကို လစဉ်ပုံမှန်ဆောင်ရွက်နိုင်ခဲ့ပြီး အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်၊ မန္တလေး ပြည်သူ့ ဆေးရုံကြီးတို့အပြင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ပါ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖြစ် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်၌ (၃)ကြိမ် ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ သွေးကင်ဆာရောဂါလူနာများအတွက် ခက်ခဲသော ကုသမှုဖြစ်သည့် ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုများ၊ ပြတ်တောက်သွားသည့် လက်/လက်ချောင်းများအား ပြန်ဆက်ပေးသည့် ခက်ခဲသည့် ခွဲစိတ်ကုသမှုများကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဆောင်ရွက်နိုင်ခဲ့သည့် ဆေးပညာရှင် များကို နိုင်ငံတော်က ဂုဏ်ထူးဆောင် ဘွဲ့/တံဆိပ်များ ချီးမြှင့်ပေးခဲ့ပါကြောင်း၊ ကင်ဆာရောဂါကုသမှုများ ကင်ဆာရောဂါကုသစက်များကို ပြည်သူ့ဆေးရုံများတွင် လုံလုံလောက်လောက် တပ်ဆင်ပေးထားပြီး ဖြစ်ပါ ကြောင်း၊ ကုသမှုအရည်အသွေးမြင့်မားရေးအတွက် အထောက်အကူဖြစ်စေရန် ခေတ်မီ ဆေးရုံ အဆောက်အဦသစ်များ တည်ဆောက်ဖွင့်လှစ်ပေးခဲ့ရာ လေးနှစ်ခွဲကာလအတွင်း ဆေးရုံအဆောက်အဦသစ် (၂၁)ခုကို အသစ်ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ စီစဉ် ဆောင်ရွက်ခြင်း၊ ချီးမြှင့်ငွေ၊ ထောက်ပံ့စရိတ်၊ လုပ်အားခ စသည်ဖြင့် ထောက်ပံ့မှုများလည်း ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ခုတင်(၅၀)အဆင့်အထိ အထူးကုဆရာဝန်များခန့်ထားနိုင်ခြင်းနှင့် သစ်လွင်လက်ထောက်ဆရာဝန်များနှင့် သစ်လွင်သွားနှင့်ခံတွင်း ဆရာဝန်များ ထပ်မံခန့်ထားနိုင်ခြင်းကြောင့် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကုသမှုအရည်အသွေးများ ပိုမို ကောင်းမွန်စေရေးနှင့် အသက်မွေးဝမ်းကျောင်းတိုးတက်ရေးအတွက် ပြည်တွင်း ဘွဲ့လွန်သင်ကြားရေး သာမက ပြည်ပပညာသင်စေလွှတ်ခြင်းများကိုလည်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်တွင်းဆေးကုသစရိတ်ကို ထောက်ပံ့ပေးနိုင်ရေးအတွက် ရန်ပုံငွေများ ခွဲဝေထားရှိပါကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ဆေးရုံတက်ရောက်သည့်အခါ ကုန်ကျမှုမရှိစေရန် စီစဉ် ဆောင်ရွက်ထားရှိပြီး ပြည်သူ့ဆေးရုံများတွင် ပြင်ပလူနာများအတွက်ပါ အခမဲ့ ဓာတ်ခွဲ၊ ဓာတ်မှန် စမ်းသပ် စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိပါကြောင်း၊ နိုင်ငံတော်က တိုးမြှင့်ပံ့ပိုးပေးသည့် ကျန်းမာရေး ရန်ပုံငွေဖြင့် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း၊ အထူးသဖြင့် တီဘီ၊ HIV ရောဂါကုသဆေးများကို နိုင်ငံတော်မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ထုတ်အကုန်အကျခံဝယ်ယူပေးလျက်ရှိရာ လူနာများအနေဖြင့် ဆေးပြတ်လပ်မှု မရှိစေဘဲ ကုသမှုခံယူရရှိနိုင်မှာဖြစ်ပြီး တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ ထို့ပြင် ခေတ်မီစက်ကိရိယာပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ခြင်းကြောင့် လူနာများ၏ စိုက်ထုတ် ကုန်ကျငွေ လျော့နည်းလာပါကြောင်း၊ ပြည်သူ့ဆေးရုံများကို ပြည်သူလူထု အားကိုးယုံကြည်မှု ပိုမိုရရှိ လာစေရေးအတွက် ဆေးရုံများ ဥပဓိရုပ်ကောင်းမွန်ရေး၊ လူနာများ၊ လူနာမိသားစုများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေး(Public Relation) တို့ကိုလည်း ဆောင်ရွက်ပေးကြရန်၊ ကျန်းမာရေးအဆင့်အတန်း ယခုထက်ပိုမိုကောင်းမွန်လာပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံ အဆောက်အအုံဖြစ်စေရန်၊ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်စေရေး အတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြ ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ | |
![]() |
![]() |
| ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက ကုသရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် အမှာစကားများ အသီးသီး ပြောကြားခဲ့ပါသည်။ | |
![]() |
![]() |
| ဆက်လက်၍ တက်ရောက်လာကြသည့် ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများက လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ | |
![]() |
![]() |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ခုတင်(၁၀၀)နှင့်အထက် ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံအမှာစကားပြောကြား
in










