| နေပြည်တော်၊ ဩဂုတ်လ ၈ ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အသစ်အဖြစ် ခန့်အပ်ခံရသူ Mr. Yusumasa Kimura အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ |
|
![]() |
![]() |
| တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် UNICEF အဖွဲ့တို့အကြား တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးအလွန် ပြန်လည်ထူထောင်ရေးကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားပိုမိုတိုးမြှင့်နိုင်ရေးကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ | |
![]() |
![]() |
| ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ UNICEF ရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ | |




