ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌတို့ တရုတ်-မြန်မာ ချစ်ကြည်ရေးအဆင့်မြင့်အထူးကုဆေးရုံကြီး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဖြစ်နိုင်ခြေလေ့လာသုံးသပ်မှုအတွက် စာလွှာလက်မှတ်ရေးထိုးလဲလှယ်

နေပြည်တော် ဇူလိုင် ၂၄

ကျန်းမာရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr. Chen Xiaodong တို့သည် (၂၄-၇-၂၀၂၅) ရက်နေ့တွင် နေပြည်တော်ရှိ Park Royal Hotel ၌ တရုတ်-မြန်မာ ချစ်ကြည်ရေးအဆင့်မြင့်အထူးကုဆေးရုံကြီး (China- Myanmar friendship State of the art specialist hospital) စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဖြစ်နိုင် ခြေလေ့လာသုံးသပ်မှုအတွက် စာလွှာလက်မှတ်ရေးထိုးလဲလှယ်ခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။