ကျန်းမာရေးဝန်ကြီးဌာနမိသားစု ၂၀၂၅ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် ၁၂ ရက်

     ကျန်းမာရေးဝန်ကြီးဌာနမိသားစု ၂၀၂၅ခုနှစ်၊ မိုးရာသီငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို (၁၂-၇-၂၀၂၅)ရက် ညနေပိုင်းတွင် နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ပရဝုဏ်တွင် ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့်ဇနီး၊ ဒုတိယ ဝန်ကြီးဒေါက်တာအေးထွန်း၊ ညွှန်ကြား‌ရေးမှူးချုပ်များနှင့်ဇနီးများ၊ ဒုတိယညွှန်ကြား‌‌ရေးမှူး ချုပ်များနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်သည်။

     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ငါးသားပေါက်များကို ဝန်ကြီး ဌာနရှိ လျှိုပိတ်ဆည်အတွင်းသို့ ဦးစွာစိုက်ထည့်ပေးပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက ငါးသားပေါက်များကို စိုက်ထည့်ပေးပြီးနောက် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်း(၂၅၀)ဦးက ငါးလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးသော ငါးသားပေါက် (၂၀၀၀)ကို စိုက်ထည့်ပေးခဲ့ကြပါသည်။