| မန္တလေး အောက်တိုဘာ ၂၉
ကျန်းမာရေးဝန်ကြီးဌာန၊ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာတင်ထွန်းနှင့်အဖွဲ့သည် (၂၉-၁၀-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် သူနာပြု တက္ကသိုလ်၊ မန္တလေးသို့ ရောက်ရှိပြီး၊ တော်ဝင်သဇင်ခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ/သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ သူများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။ |
|
![]() |
![]() |
| ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာတင်ထွန်း အမှာစကားပြောကြားရာတွင် သူနာပြုစုမှုဆိုင်ရာ ဘာသာရပ်များသည် စာတွေ့တတ်မြောက်ရုံသာမက လက်တွေ့ပါကျွမ်းကျင်ပိုင်နိုင်ရန်လိုအပ်ကြောင်း၊ လက်တွေ့ကွင်းဆင်းသွားရောက်သည့် ဆေးရုံများတွင် Senior များ၏ သွန်သင်ဆုံးမ မှုကိုနာခံပြီး၊ အပြုအမှုကောင်းများကိုသာ အတုယူစေချင်ပါကြောင်း၊ သူနာပြုများသည် Health care delivery system မှာ အဓိကအနေဖြင့် ပါဝင်နေပြီး မွန်မြတ်လှသော အသက်မွေး ဝမ်းကျောင်း ပညာရပ်တစ်ခုဖြစ်သည့်အတွက် သူနာပြုသစ္စာအဓိဌာန်(၈)ချက်နှင့်အညီ ပြုမူနေထိုင်ကြမှသာ သူနာပြုကောင်းတစ်ယောက် ဖြစ်နိုင်ကြောင်း၊ နေ့စဉ်သွားလာနေထိုင်ရာတွင်လည်း အသက်အန္တရာယ်ကာကွယ်နိုင်ရန်အတွက် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများကိုလိုက်နာကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။ အခမ်းအနားသို့ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ | |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာတင်ထွန်း၊ သူနာပြုတက္ကသိုလ်၊ မန္တလေး၌ တွေ့ဆုံအမှာစကားပြောကြားခြင်း
in




