| မန္တလေး အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ်၊ ပါမောက္ခဒေါက်တာတင်ထွန်းသည် ယနေ့နံနက်ပိုင်းက ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-(မန္တလေး)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ |
|
![]() |
![]() |
| အခမ်းအနားတွင်ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ်၊ ပါမောက္ခဒေါက်တာတင်ထွန်းက အမှာစကားပြောကြားရာတွင် ဆေးဘက်ဆိုင်ရာနည်းပညာရှင်များသည် ကျန်းမာရေးစောင့်ရှောက်မှုပေးရသူများဖြစ်ကြောင်း၊ Professional ပီသစွာ မိမိရဲ့ ဘာသာရပ်နယ်ပယ်မှာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မိမိအပြောအဆို၊ အနေအထိုင်၊ အပြုအမူပိုင်းဆိုင်ရာများအား အထူးဂရုပြုရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ကြီး အဆင်ပြေစွာ လည်ပတ်နိုင်အောင် ကြိုးစားပေးနေကြသော ဆရာ/ဆရာမများ၊ ဝန်ထမ်းများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ၊ ကျောင်းသား/ သူများအားလုံး ထူးချွန်ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာ နည်းပညာရှင်များ ဖြစ်ပေါ်လာရေးအတွက် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းနှင့် နေ့စဉ်သွားလာနေထိုင်ရာတွင်လည်း ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်အား သေချာဆောင်းရန်လိုအပ်ကြောင်းနှင့် ဦးထုပ်မေးသိုင်းကြိုးအား မဖြစ်မနေ တပ်ဆင်ရမည်ဖြစ်ကြောင်း၊ အသက်အန္တရာယ်ကာကွယ်နိုင်ရန်အတွက် ယာဉ်စည်းကမ်း /လမ်းစည်းကမ်းများကို အထူးဂရုပြု လိုက်နာကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် စကားပြောကြားပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါအခမ်းအနားသို့ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၄၀၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ | |
![]() |
![]() |
![]() |
![]() |
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၌ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကျောင်းသား/ကျောင်းသူများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
in






