ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ဌာနေကိုယ်စားလှယ် Mr. Thushara Fernando အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီလ ၂၉ ရက်

    ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Thushara Fernando အား ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

      တွေ့ဆုံဆွေးနွေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးသင့်ပြည်သူများ၊ လူနာ များအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့်ဆက်လက်ဆောင် ရွက်ပေးလျက်ရှိသည့်ကိစ္စရပ်များ၊ ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင်ငလျင်ဘေးဒဏ်သင့်သူများဖြစ် သော်လည်း ကျန်းမာရေးဝန်ဆောင်မှုများရပ်ဆိုင်းမသွားအောင်စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုများ၊ ငလျင် ဘေးဒဏ်ကြောင့်နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသများမှ ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရ သည့်လူနာများအတွက် ခြေတုလက်တုထုတ်လုပ်တပ်ဆင်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာနှင့် စက်ကိရိ ယာပိုင်းဆိုင်ရာကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များ၊ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ငလျင်လှုပ်ပြီးနောက် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုနေမှုနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်မည့်ကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါ သည်။ ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ WHO ရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။