|
နေပြည်တော်၊ ဧပြီ ၁၂ |
|
![]() |
![]() |
| ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းသို့ သွားရောက်၍ မန္တလေး ငလျင်ကြီးကြောင့် အဆောက်အအုံများ ပျက်စီးမှုအခြေအနေနှင့် ဝန်ထမ်းနှင့်ဝန်ထမ်း မိသားစုများအတွက် မိုးလုံလေလုံယာယီအိမ်ရာများဆောက်လုပ်ရန် လျာထားသည့် နေရာများကိုလည်းကောင်း၊ ဒက္ခိဏသီရိ မြို့နယ်ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန ဌာနပိုင်မြေကွက်လပ်တွင် မိုးလုံလေလုံယာယီအိမ်ရာများ ဆောက်လုပ်ရန်လျာ ထားသည့်အခြေအနေကိုလည်းကောင်း လည့်လည်ကြည့်ရှုပါသည်။ အဆိုပါနေရာများတွင် မိုးလုံလေလုံယာယီအိမ်ရာများဆောက်လုပ်ပြီးပါက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဉီးစီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား နေရာချပေးရန် လျာထားပါသည်။ | |
![]() |
![]() |
| ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတို့တွင် ကျန်းမာရေးဝန်ကြီးဌာနယာယီရုံး၌ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကော်မတီ နေ့စဉ်အစည်းအဝေးကိုကျင်းပပြီး အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ အမျိုးသားပြန်လည် သန်စွမ်းရေးဆေးရုံကြီးနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ခြေတု၊ လက်တု အလုပ်ရုံများမှကျွမ်းကျင်သူများ ပူးပေါင်း၍ ငလျင်ဘေးကြောင့် ခြေ၊ လက်ထိခိုက်သူများ အား ခြေတု၊ လက်တုများ အမြန်ဆုံးတပ်ဆင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ငလျင်ဘေးကြောင့် ခြေထောက်ထိခိုက်သူများ ယာယီအသုံးပြုရန် ချိုင်းထောက်များနှင့် အထောက်အကူပြု ကိရိယာများ အမြန်ဆုံးပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာမှဆေးအဖွဲ့များ ပြန်လည်ထွက်ခွာချိန်တွင် အဆိုပါဆေးအဖွဲ့များ၏ ဆေးရုံ၊ ဆေးခန်းနေရာများတွင် ဒေသခံ အထူးကုဆရာဝန်များ သို့မဟုတ် ငလျင်ဘေးကင်းလွတ်သည့် တိုင်းဒေသကြီး/ပြည်နယ်များမှ အထူးကုဆရာဝန်များပါဝင်သည့်ဆေးအဖွဲ့များအား တာဝန်ချထားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများဖြစ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေးတိုက် ကျွေးခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ကလိုရင်းဆေးခပ်ခြင်းစသည့် ကူးစက်ရောဂါကာကွယ်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများအား အထူးအလေးထား ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား အသေးစိတ် ဆွေးနွေးကြပါသည်။ ဆက်လက်၍ ငလျင်ဘေးဒဏ်ခံစားရသော ဝန်ထမ်းများအား ယာယီနေရာချထားရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အသေးစိတ်ဆွေးနွေးညှိနှိုင်းပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ | |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ငလျင်ဘေးသင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများနေထိုင်ရန် မိုးလုံလေလုံ ယာယီအိမ်ရာများ ဆောက်လုပ်ရန် လျာထားသည့်နေရာများသို့ လှည့်လည်ကြည့်ရှု
in






