|
နေပြည်တော်၊ ဧပြီ ၁၁ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည့် မန္တလေးမြို့ရှိ ဆေးနှင့်ဆေးပညာနှီးနွယ် တက္ကသိုလ်များတွင် သင်ကြားမှု၊ သင်ယူမှုလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တက္ကသိုလ်နှင့် သင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများ နှင့် Video Conferencing ဖြင့် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် တက္ကသိုလ်များ၊ ကျောင်းများရှိ အဆောက်အအုံများ ဆက်လက် အသုံးပြုရန် သင့်၊ မသင့်ကို သက်ဆိုင်ရာမှအဆောက်အဦးစစ်ဆေးသည့် အင်ဂျင် နီယာအဖွဲ့များ၏ ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးမှုခံယူပြီး ထောက်ခံချက်များရမှသာ လိုအပ်သလိုပြင်ဆင်၍ အသုံးပြုရမည်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယာယီစခန်းများတွင်နေထိုင်လျက်ရှိသောဝန်ထမ်းများ၊ သင်တန်းသူ/သားများအတွက် မိုးမကျခင် အမိုးအကာအောက် ရောက်ရှိရေးအတွက် လိုအပ်သည့် အဆောက်အအုံများ အချိန်မီဆောက်လုပ်ပေးရန်လိုအပ်ပါကြောင်း၊ ဆေးနှင့်ဆေးပညာနှီးနွယ် တက္ကသိုလ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းများ အချိန်မီပြန်လည်ဖွင့်လှစ်ရေးနှင့် စာသင်ကြားမှုများမထိခိုက်စေရန်နှင့်သင်ကြား၊ သင်ယူမှုလုပ်ငန်းများ အဆင်ပြေစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးရုံများတွင် တာဝန်ထမ်းဆောင်သည့် အလုပ်သင်ဆရာဝန်များ၊ သူနာပြုများ၏ သင်ကြား၊ သင်ယူမှုအဆင်ပြေစေရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ လုံခြုံရေးစသည်ဖြင့် အရာရာ အဆင်ပြေစေရေး ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း လမ်းညွန်မှာ ကြားသည်။ |
|
![]() |
![]() |
| ၎င်းနောက် သက်ဆိုင်ရာ ဆေးနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများက မိမိတို့ တက္ကသိုလ်အလိုက် သင်တန်းကျောင်းအလိုက် လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ | |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း မန္တလေးမြို့ရှိ ဆေးနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေး
in




