|
နေပြည်တော်၊ ဧပြီ ၁၀ |
|
![]() |
![]() |
| ဆက်လက်၍ ယနေ့တွင်တာဝန်ပြီးဆုံးပြီဖြစ်သည့် နီပေါတပ်မတော် အရေးပေါ်ဆေးကုသရေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကိုကျင်းပသည်။ ရှေးဦးစွာ အခမ်းအနား တက်ရောက်သူများသည် မန္တလေးငလျင်ကြီးတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မတ်တတ်ရပ်၍ တစ်မိနစ် ငြိမ်သက်စွာနေကြပါသည်။ ဆက်လက်၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားရာတွင် နီပေါနိုင်ငံနှင့် မြန်မာနိုင်ငံသည် လူမှုရေး၊ ဘာသာရေး စသည့် အခြေခံအားဖြင့် တူညီမှုများစွာရှိပြီး ယခင်နှစ်ပေါင်းများစွာကတည်းက ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပါကြောင်း၊ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်များတွင်လည်း အပြန်အလှန်ပံ့ပိုးကူညီ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများရှိပါကြောင်း၊ ယခုကဲ့သို့ လာရောက်ပူးပေါင်းဆောင်ရွက်ပေးခြင်းသည် မိမိတို့နှစ်နိုင်ငံအကြား နဂိုရှိခဲ့သည့် ရင်းနှီးချစ်ကြည်မှုများကို ပိုမိုခိုင်မာစွာဖြင့် ရေရှည်တည်တံ့နိုင်ရေး အထောက်အကူဖြစ်စေပါကြောင်း၊ နီပေါနိုင်ငံမှ အရေးပေါ်ဆေးကုသရေးအဖွဲ့သည် (၂-၄-၂၀၂၅) ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး (၄-၄-၂၀၂၅) ရက်နေ့မှ စတင်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ငလျင်ဘေးအရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် အခြေပြုပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရက်ပိုင်းအတွင်း လူနာစုစုပေါင်း (၁၀၀၀) ကျော်ကို ဆေးကုသမှုများ၊ ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခြင်းနှင့် ချိုင်းထောက်အစရှိသည့် လူနာများအတွက် လိုအပ်သည့်ပစ္စည်းများကို ပံ့ပိုးပေးခဲ့သဖြင့် မြန်မာနိုင်ငံတော်အစိုးရကိုယ်စား၊ ပြည်သူလူထုကိုယ်စား၊ ကျန်းမာရေးဝန်ကြီးဌာနကိုယ်စား၊ ငလျင်ဘေးသင့်ပြည်သူများကိုယ်စား အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နီပေါတပ်မတော် အရေးပေါ်ဆေးကုသရေး အဖွဲ့မှ တာဝန်ရှိသူများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ | |
![]() |
![]() |
| ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ရမည်းသင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ခုတင်(၁၀၀)ဆံ့ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများနှင့်တွေ့ဆုံ အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် စေတနာအပြည့်အဝ ထားကာ လုပ်ငန်းများကို စိတ်ရောကိုယ်ပါ နှစ်မြုတ်၍ စွမ်းစွမ်းတမံဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများကို ဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။ ၎င်းနောက်ရမည်းသင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေ (၁၀) သိန်း ကျပ်၊ ခုတင် (၁၀၀) ဆံ့ ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ (၁၀) သိန်းကျပ်နှင့် သဘာဝဘေးကယ်ဆယ်ရေး Kit ပုံးများထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းများကိုအားပေးစကားပြောကြားကြောင်းသိရသည်။ | |
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း နီပေါတပ်မတော်အရေးပေါ်ဆေးကုသရေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်
in




