| နေပြည်တော်၊ ဧပြီ ၈ ရက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများလိုက်ပါ၍ (၈-၄-၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်းရှိ ယာယီဆေးရုံတွင် ကျန်းမာရေးဝန်ကြီးဌာနဆေးအဖွဲ့၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှဆေးအဖွဲ့နှင့် ဘူတန်နိုင်ငံအရေးပေါ်ဆေးအဖွဲ့တို့ပူးပေါင်း၍ ငလျင်ဘေးသင့်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုများ၊ ခွဲစိတ်ပေးနေမှုများကို လှည့်လည်ကြည့်ရှု၍ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားသည်။ ဘူတန်နိုင်ငံအရေးပေါ်ဆေးအဖွဲ့တွင် မြန်မာနိုင်ငံ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်တွင် ပညာသင်ကြားခဲ့ပြီး ဘူတန်နိုင်ငံတွင်တာဝန်ထမ်းဆောင်နေသော ဘူတန်လူမျိုးဆရာဝန်များပါဝင်ပြီး အဆိုပါဆရာဝန်နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးစွာတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပါသည်။ ပေါင်းလောင်းအားကစားကွင်းရှိယာယီဆေးရုံတွင် တစ်နေ့လျှင်ပြင်ပလူနာပျမ်းမျှ (၃၅၀) ကုသပေးလျက်ရှိပါသည်။ |
|
![]() |
![]() |
| ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ရွာကောက်အုပ်စု၊ မြို့သစ်ရပ်ကွက်တွင်အခြေပြုပြီး ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေသည့် ဖိလစ်ပိုင်အရေးပေါ် ဆေးကုသမှုအဖွဲ့နှင့် ပျဉ်းမနားမြို့နယ်၊ ဥယျာဉ်စုအုပ်စု၊ ဦးကျေးရပ်ကွက်၊ မေတ္တာမွန်ခန်းမတွင် ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်နေသည့် ဘင်္ဂလားဒေ့ရှ် အရေးပေါ်ဆေးအဖွဲ့တို့အားသွားရောက်ကြည့်ရှု၍ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းပေးပြီး လူနာများကို ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။ အဆိုပါ ဆေးအဖွဲ့များသည် တစ်နေ့လျှင်ပြင်ပလူနာပျမ်းမျှ (၁၅၀)ခန့်အား ကုသပေးလျက်ရှိပါသည်။ ပြည်ထောင်စုဝန်ကြီးသည် လာရောက်ပြသသော လူနာများအား ငလျင်ဘေး အန္တရာယ်ကျရောက်ပြီးနောက် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ ကာကွယ်နိုင်ရန် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပါသည်။
(၇-၄-၂၀၂၅)ရက်နေ့၊ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ရွှေကြာပင်အားကစားကွင်းရှိ ယာယီဆေးရုံသို့ သွားရောက်၍ ငလျင်ဘေးသင့်လူနာများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့် ဆည်းပေး၍ လူနာများအား တွေ့ဆုံအားပေးစကား ပြောကြားကာ လူနာများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။ အဆိုပါယာယီဆေးရုံတွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးကုဌာနကိုလည်း တွဲဖက်ဖွင့်လှစ်ပြီး လူနာများအားကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရွှေကြာပင်ယာယီဆေးရုံတွင် Samaritan’s Purse International Relief မှ လာရောက်တည်ဆောက်နေသော ခုတင်(၇၀)ဆံ့ ယာယီဆေးရုံဆောက်လုပ်နေမှုအား ကြည့်ရှုအားပေးပြီး ယင်းအသင်းနှင့်အတူ တပ်မတော်ဆေးအဖွဲ့၏ ခုတင်(၂၀)ဆံ့ဆေးရုံ တွင် နေပြည်တော်ခုတင် (၁၀၀၀)မှ အရိုးအထူးကုအဖွဲ့များနှင့်ပူးပေါင်းကာ လူနာ(၅)ဦးကို ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။ (၈-၄-၂၀၂၅)ရက်နေ့တွင်လည်း အရိုး လူနာ(၅)ဦးအား ထပ်မံခွဲစိတ်ပေးခဲ့ ကြောင်း သိရှိရပါသည်။ |
|
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ပေါင်းလောင်းအားကစားကွင်း နှင့် ရွှေကြာပင်အားကစားကွင်းရှိ ယာယီဆေးရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
in




