ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကျန်းမာရေးဝန်ထမ်းမိသားစုဝင်များနှင့် လူနာများအတွက် အလှူငွေနှင့် လှူဒါန်းပစ္စည်းများအား လက်ခံ

နေပြည်တော်၊ ဧပြီ ၆ရက်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း သည် (၆-၄-၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ထမ်းမိသားစုများနှင့် လူနာများ အတွက် ကျိုက်ထီးဆောင်းဆရာတော်ကြီးနှင့် ဒါယိကာ၊ ဒါယိကာမများ၊ တပည့် သားသမီးများက လှူဒါန်းသည့် ငွေကျပ်သိန်းငါးရာနှင့် လက်သန့်စင်ဆေးရည်များအား လှူဒါန်းပေးခြင်းကို လက်ခံခဲ့ပြီး ဆရာတော်ကြီးနှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်း၊ သင်္ဃန်း (၅) စုံနှင့် နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။အဆိုပါပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။