| နေပြည်တော် ဧပြီလ ၅ ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် တာဝန်ရှိသူ များလိုက်ပါလျက် (၅-၄-၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် ဆေးဝါးတက္ကသိုလ်၊ မန္တလေးနှင့် မန္တလေး စိတ်ကျန်းမာရေးဆေးရုံကြီးသို့ သွားရောက်၍ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ၊ စာသင်ဆောင်များ၊ ဆေးကုသဆောင်များအား လှည့်လည်ကြည့်ရှု၍ သင်ကြားရေးလုပ်ငန်းများနှင့် ဆေးကုသရေးလုပ်ငန်းများ ပုံမှန် ဆောင်ရွက်နိုင်စေရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်၍ အားပေးစကားပြောကြားသည်။ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးသို့ သွားရောက်၍ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ၊ စာသင်ဆောင် များအား လှည့်လည်ကြည့်ရှူ၍ သင်ကြားရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်စေရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်၍ အားပေးစကားပြောကြားသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီး သည် တာဝန်ရှိသူများလိုက်ပါလျက် (၄-၄-၂၀၂၅) ရက်နေ့ ညနေပိုင်းတွင် ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းရှိ ယာယီဆေးကုသရေးစင်တာသို့ သွားရောက်၍ အိန္ဒိယဆေးကုသရေးအဖွဲ့မှ ငလျင်ဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာများအား ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးနေမှုများကိုလည်းကောင်း၊ မန္တလာသီရိ အားကစားကွင်းရှိ ယာယီဆေးကုသရေးစင်တာသို့ သွားရောက်၍ ရုရှားဆေးကုသရေးအဖွဲ့မှ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာများအား ကျန်းမာရေးစောင့်ရှောက် ကုသမှုပေးနေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ပါသည်။ |
|
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း ဆေးဝါးတက္ကသိုလ်၊ မန္တလေးသို့ သွားရောက်ကြည့်ရှု
in


