ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် စိတ်ကျန်းမာရေး‌ဆေးရုံကြီး၊ မန္တလေးမြို့သို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများ၊ ကုသရေးဆောင်များအား လှည့်လည် ကြည့်ရှု

     ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် တာဝန်ရှိသူများ လိုက်ပါလျက် (၅-၄-၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် စိတ်ကျန်းမာရေး‌ဆေးရုံကြီး၊ မန္တလေးမြို့သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများ၊ ကုသရေးဆောင်များအား လှည့်လည် ကြည့်ရှူ၍ လူနာများအား ကျန်းမာရေးစောင့်ရှောက်ကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။