| ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် တာဝန်ရှိသူများလိုက်ပါလျက် (၄-၄-၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းပြည်သူ့ဆေးရုံကြီး သို့ သွားရောက်၍ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့်လူနာများအား ကျန်းမာရေးစောင့်ရှောက်ကုသပေးနေမှုများကို ကြည့်ရှုအားပေး၍ ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ပြီး အားပေး စကားပြောကြားသည်။ဆက်လက်၍ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် တာဝန်ရှိသူများလိုက်ပါလျက် (၄-၄-၂၀၂၅) ရက်နေ့ မွန်းလွဲပိုင်းတွင် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ မန္တလေးသို့ သွားရောက်၍ ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများ၊ စာသင်ဆောင်များအား လှည့်လည်ကြည့်ရှူ၍ သင်ကြားရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်စေရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ပြီး အားပေးစကားပြောကြားခဲ့ပါသည်။ | |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း (၄-၄-၂၀၂၅) ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးရှိသို့ သွားရောက်၍ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအားကြည့်ရှုအားပေးခြင်း
in


