ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အား ရွှေကြာပင်အားကစားရုံရှိ ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ

     ကျန်းမာရေးဝန်ကြီးဌာနသည် ငလျင်ဘေးသင့်ဒေသများဖြစ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား  ဆောင်ရွက်လျက်ရှိသည့်အပြင် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေး အတွက် ပြည်ထောင်စုနယ်မြေ၊ ရွှေကြာပင်အားကစားရုံရှိ ယာယီဆေးရုံတွင် နေပြည်တော် ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ အထူးကုဆရာဝန်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးဆရာများနှင့် ကြက်ခြေနီ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပြည်သူများအား (၃၀-၃-၂၀၂၅)ရက်မှစတင်ကာ    ကျန်းမာရေးစောင့်ရှောက်မှု (အရိုးရောဂါကုသရေး) ပေးလျက်ရှိပါသည်။