|
နေပြည်တော်၊ ဧပြီလ ၁ ရက် အဆိုပါတွေ့ဆုံပွဲတွင် သံအမတ်ကြီးမှ လတ်တလောမြန်မာနိုင်ငံတွင်ခံစားနေရသည့် ငလျင်ဘေးဒဏ်ကြောင့် အသက်အိုးအိမ်များစွာဆုံးရှုုံးခဲ့ရမှုအတွက် များစွာဝမ်းနည်းပါကြောင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ငလျင်ဖြစ်ပွားပြီး ၁၈ နာရီအတွင်းအမြန်ဆုံးလာရောက်အကူအညီပေးခဲ့နိုင်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးဝါး၊ ဆေးပစ္စည်းလိုအပ် ချက်များသိရှိလိုပါကြောင်းနှင့်အမြန်ဆုံး ဖြည့်ဆည်းပေးရန် အသင့်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ |
|
![]() |
![]() |
| ပြည်ထောင်စုဝန်ကြီးမှ ယခုကဲ့သို့ ကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များ ချက်ချင်းစေလွှတ်ပေးသည်ကိုကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာအကူအညီများအား လက်ခံ၍ ထိရောက်စွာစီမံခန့်ခွဲလျက်ရှိပါကြောင်း၊ ငလျင်ဒဏ်ကြောင့်ဆေးရုံ၊ လူနာခွဲစိတ်ခန်းများနှင့် လူနာဆေးကုသဆောင်များထိခိုက်ပျက်စီးမှုများရှိသည့်အတွက် လူနာများအား ကုသပေးရန် ယာယီ ရွေ့လျားဆေးခန်းများ၊ ယာယီဆေးရုံ များနှင့်ယာယီခွဲစိတ်ခန်းပါယာဉ်များအရေးပေါ်လိုအပ်ချက်ရှိပါကြောင်း၊ ခွဲစိတ်ခန်းများ၊ ဓါတ်ခွဲခန်းများနှင့် ရောဂါရှာဖွေရေးလုပ်ငန်းများအတွက် ဆိုလာမီးပေးစနစ်များလိုအပ်ပါကြောင်းနှင့် မိမိတို့အနေဖြင့် အရေးပေါ်လူနာများအပြင်ဆေးရုံတက်ရောက် ကုသနေသည့် အခြားဝေဒနာရှင်များအားလည်း ကုသရန်အတွက်လည်း လိုအပ်လျက် ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ | |
![]() |
![]() |
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia အားလက်ခံတွေ့ဆုံ
in




