နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်
ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးအဖွဲ့နှင့်အတူ (၇-၁-၂၀၂၄)ရက်နေ့မှ (၁၀-၁-၂၀၂၄)ရက်နေ့အတွင်း ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးလက် ကျန်းမာရေးဌာန၊ အိမ်မဲမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကြို့ကုန်းကျေးလက်ကျန်းမာရေးဌာန၊ အင်းတမိသက္ကယ်ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ခလောက်သိုက်ကျေးလက် ကျန်းမာရေးဌာနခွဲ၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ဒေါင့်ကြီး ကျေးလက်ကျန်းမာရေးဌာနနှင့် ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးလက်ကျန်းမာရေးဌာန၊ ဟင်္သာတမြို့နယ်၊ ဒူးယားကျန်းမာရေးဌာနများသို့ ကွင်းဆင်း၍ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်း၊ လမ်းညွှန်မှာကြားခြင်းများကို ဆောင်ရွက်ပေးခဲ့ ပါသည်။
ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး ၂ ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်၊ ပန်းတနော်မြို့နယ်၊ ကျောင်းတော် ကျေးလက်ကျန်းမာရေးဌာနခွဲ တည်ဆောက်ရေးလုပ်ငန်းခွင်၊ ကျောင်းကုန်းမြို့နယ်၊ လက်ပန်ချောင်ကျေးလက်ကျန်းမာရေး ဌာနခွဲ တည်ဆောက်ရေးလုပ်ငန်းခွင်၊ ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး တည် ဆောက်ရေးလုပ်ငန်းခွင်များသို့ သွားရောက်၍ လုပ်ငန်းပြီးစီးမှု အခြေအနေများအား စစ်ဆေး ကြည့်ရှုခြင်းနှင့် ပန်းတနော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး ဆောက်လုပ်ရန် လျာထား သည့်မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
