တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် ရန်ကုန်မြို့ရှိ တိုင်းရင်းဆေးကုဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်
     ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူးအဖွဲ့နှင့်အတူ (၂၃-၁-၂၀၂၄) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ဥက္ကလာပ တိုင်းရင်းဆေးကုဌာန၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) တိုင်းရင်းဆေးကုဌာနနှင့် မြောက်ဥက္ကလာပ တိုင်းရင်းဆေးကုဌာနတို့သို့ သွားရောက်၍ ဆေးကုသပေးနေမှုအခြေအနေ၊ ဆေးဝါးရရှိသုံးစွဲမှု နှင့်ဆေးဝါးလိုအပ်ချက်များအား စစ်ဆေးမေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းလမ်းညွှန်ခဲ့ကြောင်း သတင်းရရှိပါသည်။